{^-^} Part [13]

1K 105 7
                                    

ဒီနေ့က jungkook ရဲ့ စာအုပ်ကို စပြီးဖြန့်ဝေတဲ့နေ့။ ထို့နေ့မှာပဲ စာအုပ်က တော်တော်ပေါက်သွားခဲ့သည်တဲ့။တစ်နေ့ထဲမှာပဲ ရာထောင်ချီတဲ့ စာအုပ်တွေကို ရောင်းနိုင်ခဲ့သည်ဆိုပဲ။ ထို့ကြောင့် jungkook က အိမ်မှာ party ပေးမှာမို့ ကျနော်တို့ ပြင်ဆင်နေကြခြင်းဖြစ်သည်။

Party ဆိုပေမယ့် အကြီးကျယ်ကြီးတော့မဟုတ်။ ကျနော်ရယ် jungkook ရယ် Bam ရယ် cutie ရယ်ပင်။

"jimin ကိုယ် လုပ်လိုက်မယ်လို့"

"ကျနော် လုပ်ချင်လို့ပါဆို jungkookရာ"

အသားကင် ကင်ဖို့အတွက် jungkook ဝယ်လာတဲ့အသားစိမ်းတွေကို အနေတော်အတုံးလေးတွေဖြစ်အောင် ကြိုးစား၍ တုံးနေခြင်းဖြစ်သည်။

အိမ်မှာဆို ဓားကိုင်ဖို့နေနေသာသာ ပန်းကန်တောင် ဆေးတဲ့လူမဟုတ်တာကြောင့် တုံးထားတဲ့အတုံးတွေသည် ကြီးလိုက် သေးလိုက် မညီမညာဖြစ်သည်။

ကျနော်က ကပ်လည်းစားရဦးမယ်။ ဘာတစ်ခုမှလည်းမကူညီရင် မဟုတ်သေးတာကြောင့် အသားတုံးလေးတွေကိုတော့ ကြိုးစား၍ တုံးကူနေခြင်းဖြစ်သည်။

"လက်ထိမယ်"

"အေးဆေး အေးဆေး...ဒီမှာတွေ့လား။ ကျနော်က အသားတုံးတုံးတဲ့နေရာမှာ ဆရာတစ်ဆူပဲ။"

အတုံးမညီတာပဲရှိတာ ကျန်တာအကုန်ကောင်း။

လက်ထဲက ဓားတစ်ဝင်းဝင်းကို မြောက်ကာ မြောက်ကာနှင့် သူ့ကိုယ်သူ ပုံကြီးချဲ့နေတဲ့လူအား ဘေးကနေကြည့်ရင်း အသံမထွက်အောင် ရီနေမိသည်။

ကိုယ်လုပ်ပါမယ် ဆိုတာကို မဟုတ်ရဘူး။အခုတော့ အသားတုံးတွေက ကြီးလိုက်သေးလိုက်နဲ့။

"jungkook ကျနော့်ကို ရီနေတာမလား"

"မ..မရီပါဘူး"

"jungkook နော် ကျနော်သိတယ်.... အား!!"

အသားတုံးလှီးနေရင်း ကျနော့်ဘက်ကို လှည့်ကာလှည့်ကာနှင့်စကားလှမ်းပြောနေတဲ့ကောင်လေးအား လက်သတိထားရန် ပြောမလို့ရှိသေး ဓားကရှမိသွားသည်။

"ကျစ်...အဲ့တာကြောင့်ပြောတာ။ ကိုယ်လုပ်ပါမယ်ဆိုတာကို အခုတော့ ထိပြီမလား"

Ghost...♥Where stories live. Discover now