"နောက်တစ်ခါဆို ငါခွင့်မလွတ်ဘူးနော် King ။ Park jimin ကို သွားမတွေ့ပါနဲ့"
"ဘာလို့လဲ။ မင်းကျတော့ သူ့ကိုသဘောကျပြီး ငါကျတော့သဘောကျလို့မရဘူးလား။ သူက ချစ်စရာလေး"
"King!!"
သည်းခံတယ်ဆိုတာ အတိုင်းအတာတစ်ခုထိပဲကောင်းတယ်။
Mars သည် မီးဟုန်းဟုန်းတောက်နေသော အကြည့်တွေနဲ့ King ရဲ့ အင်္ကျီစကို လှမ်းဆွဲလိုက်သည်။
King ကလည်း Mars ကို ပြန်ကြည့်နေခဲ့ပြီး နှစ်ယောက်လုံးရဲ့ အကြည့်တွေက ဘေးလူသာရှိရင် ပြာကျသွားနိုင်သည်ထိ စူးရှနက်နဲနေခဲ့သည်။
"မင်းသဘောကျရင် အဖေနဲ့ပေါင်းပြီး ဟိုလူကိုဘာလို့ကူညီခဲ့သေးလဲ။ jimin ဒီလိုဖြစ်အောင် မင်းတို့ဘာလို့လုပ်ခဲ့သေးလဲ!!"
သွားကြားထဲကထွက်တဲ့လေသံနဲ့ အံကြိတ်ပြီးပြောနေရတဲ့ Mars က ဒေါသတွေကိုဘယ်လောက်ချုပ်ထိန်းထားရလဲဆိုတာ တစ်ဆက်ဆက်တုန်နေတဲ့ မေးရိုးတွေကသက်သေဖြစ်သည်။
"မင်းနဲ့မဆိုင်ဘူး!!"
"အေး ငါနဲ့မဆိုင်ဘူး။ ဒါဆို မင်းနဲ့ဆိုင်တာကို မေးမယ်။မင်းရဲ့ tokiက ဘာလို့ jimin ရဲ့ လက်စွပ်ထဲ ရောက်နေတာလဲ"
ပျက်ယွင်းသွားတဲ့ မျက်နှာကို မနည်းပြန်ထိန်းလိုက်ရသည့် King က သူပြောတာတွေကို အမှန်တွေပဲဆိုတာ ဝန်ခံနေသလို။
"ဘာလို့လဲ။ ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ။"
"ဝိညဉ်လမ်းပြသာ မရှိရင် နတ်ဆိုးတွေလည်း အသက်မရှည်ဘူးဆိုတာ မင်းမသိဘူးလား။"
"မင်းပျောက်ကွယ်သွားလိမ့်မယ် King။"
ကျနော်ပြောတာတွေကို တစ်လုံးမှပြန်မပြောဘဲ ခေါင်းကိုအောက်စိုက်ကာ ငြိမ်နေတဲ့ King က သူ့စိတ်ထဲ ပြောချင်တာတွေများနေတာကိုတော့ ခန့်မှန်းမိသည်။ သူပြောမှ ဖြစ်မည်။ ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ။မင်းပြောစမ်းပါ King ရာ။
"ဘာလဲ? အဖေကမင်းကို လုပ်ခိုင်းတာလား"
"ဦးလေးနဲ့ ဘာမှမဆိုင်ဘူး"
"ဒါဆို မင်းပြောလေ ဘာလို့လဲ King ရဲ့!! မင်းထာဝရပျောက်ကွယ်သွားမှာ!! ပေါ့သေးသေးလေးမဟုတ်ဘူးနော်"