ညနေခင်းနေရောင်ဖျော့ဖျော့သည် ကြည့်နေရင်းပင်လွမ်းစရာကောင်းနေသည်။
စာရေးမည်ဆိုပြီးထွက်သွားတဲ့ jungkook လည်း တစ်နေ့လုံးတစ်ခါမှပေါ်မလာတာမို့ ပျင်းစရာကောင်းလှသည်။
ဒီအိမ်ကြီးမှာ လာနေတာကြာတော့ jungkook နဲ့ Bam ကို သံယောဇဥ်တော့ တွယ်မိသား။
ခြောက်နှစ်ကြာပြီးမှ ရလာတဲ့ခင်မင်မှုအသစ်လေးတွေမို့ မြတ်နိုးလည်းမြတ်နိုးရပါသည်။
ပြီးတော့ jungkook ကို တကယ်ကိုယ်ကျင့်တရားကောင်းတဲ့ယောက်ျားလို့လည်း ထင်မိတယ်။ ကျနော့်အပေါ် အခွင့်အရေးမယူတာနဲ့တင် jungkook ကို ကျနော်ယုံကြည်နေမိသည်။
အခုလည်း စတော်ဘယ်ရီခင်းထဲမှာ စတော်ဘယ်ရီတွေခူးစားရင်း jungkook ကို သတိရလာပြန်သည်။
ဘာလို့ ခနလေးတောင် ကျနော့်ရှေ့ပေါ်မလာရတာလဲ။
"ဟိတ်"
jungkook မလာလို့ စိတ်ထဲမကောင်းဖြစ်နေပါတယ်ဆိုကာမှ အနောက်ဘက်ဆီကနေ လာဟန့်တဲ့လူကြာင့် လန့်သွားရသည်။
"ဘယ်...ဘယ်သူလဲ"
လှည့်ကြည့်လိုက်တော့ ကျနော်တစ်ခါမှမမြင်ဖူးတဲ့ မျက်နှာစိမ်းမို့ ခပ်တန်းတန်းတော့ နေလိုက်သည်။
"Park jimin မလား။ မင်းက တော်တော်လေး ချစ်ဖို့ကောင်းတာပဲ Mars သဘောကျတာလည်းမပြောနဲ့"
Mars ကို သိတယ်ဆိုတော့ လူမဟုတ်တာတော့သေချာသည်။
"ကျနော် ခင်များကိုမသိဘူး"
"ကိုယ်လည်းမင်းကို ခုမှသိတာပါ"
"အင်း။ ကျနော်သွားတော့မယ်"
"နေပါဦး"
လူဆိူးမှန်း လူကောင်းမှန်း မခွဲတတ်တာမို့ လှည့်ပြန်ဖို့ လုပ်တော့ လက်ကောက်ဝတ်ကိုလာဆွဲတဲ့ လူကြောင့် ချက်ချင်းရုန်းမိသည်။
"လွှတ် ခင်များ!"
"နေပါဦး။ ကိုယ်ကခင်ချင်လို့ကို"
"ကျနော် ခင်များနဲ့မခင်ချင်ဘူး။ လွှတ်လို့!!"
ပြောလေ ကဲလေ ဆိုသလို ဘယ်လောက်ဆွဲခွာ ဆွဲခွာ လွှတ်မပေးဘဲ ဆက်ဆွဲထားလေတော့ လူက စိတ်တိုပြီး ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်သည်။