{^-^} Part [15]

1.1K 105 13
                                    

အတူနေလာတာ ကြာပေမယ့် တတိယမြောက်လူမပေါ်လာသေးသ၍ ကျနော်ရဲ့စိတ်ထဲအဆင်ပြေပေမယ့် ထိုယောင်းဆိုတဲ့လူပေါ်လာတာကိုတော့ စိတ်ထဲလုံးဝအဆင်မပြေ။ ရောက်လာတာ နာရီပိုင်းပဲရှိသေးတာတောင် jungkook ရဲ့ ဂရုစိုက်မှုတွေ ဒီလောက်ရတာ ကြာလာရင် ကျနော့်အတွက်နေရာတောင် ပျောက်နိုင်သည်။

Jungkook က အသစ်တွေ့တော့ အဟောင်းကိုစွန့်ပြီပေါ့လို့ ပြောရအောင်လည်း အသစ်က ကျနော်ဖြစ်နေလို့ jungkook က အဟောင်းတွေ့တော့ အသစ်ကိုစွန့်သွားတာ။

ထိုယောင်းဆိုတဲ့လူကို jungkook က တော်တော်လေးသဘောကျပုံပေါ်သည်။ထိုလူနဲ့စကားပြောနေတဲ့အချိန်ဆို jungkook မျက်လုံးက အရောင်တွေလတ်လို့။

မကြိုက်ပါဘူး။ ဘာကိုမကြိုက်နေမှန်းလည်းမသိဘူး။ jungkook သူ့ကို စကားပြောနေရင်ကို စိတ်ကမကြည်တော့တာ။

အခုမှ အခု တွေ့တဲ့လူကို အရမ်းကြီးတော့မကောင်းမမြင်သင့်ပါဘူးလေ..။

"Baby မျက်နှာလည်းမကောင်းပါလား။ ဘာဖြစ်လာတာလဲ"

"ဘာမှမဖြစ်ပါဘူး!"

အမြဲတမ်း jimin ရဲ့ မျက်နှာရိပ်မျက်နှာကဲကို လိုက်ဖက်နေတဲ့သူမို့ တစ်ခုခုအလိုမကျနေပြီဆို Mars က ထင်းခနဲ မြင်လိုက်ပြီ။

"တစ်ခုခုဖြစ်နေပါတယ်။ ပြော ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ပါဘူးဆိုဗျာ။ Mars က ဘာလို့ခေါ်တာလဲ ပြော.."

"မင်းနဲ့မတွေ့ရတာကြာလို့...."

"မတွေ့ရလေ ကောင်းလေပဲ"

"ကျစ်....Baby အဲ့လောက် ကိုယ့်ကိုမုန်းတာလား"

"ကျနော် အတင်းအကြပ်အနိုင်ကျင့်ခံရတာတွေကို မုန်းတယ် Mars"

"အသာတချည် ဆိုရင်ရော Baby က ခွင့်ပြုခဲ့လို့လား။ ကိုယ်က Baby ရဲ့ နှုတ်ခမ်းလေးတွေကိုပဲ နမ်းတာလေ"

"ကျနော် ခင်များကို သဘောမကျဘူး Mars"

Mars ရဲ့ စိတ်ထဲ ဝေခွဲမရဖြစ်နေတဲ့ ဆုံးဖြတ်ချက်တစ်ခုကို သေသေချာချာလေး ချသွားနိုင်ခဲ့သည်။

"ကောင်းပြီ။ ကိုယ်မင်းကို မနှောင့်ယှက်တော့ပါဘူး။ ခြောက်နှစ်လောက် ကိုယ်မင်းကို ချစ်ခဲ့တာတောင် မင်းက နည်းနည်းလေးတောင်မှပြန်မချစ်တာကြီးကတော့ လွန်တယ်ထင်တာပဲ။"

Ghost...♥Where stories live. Discover now