{^-^} Part [25]

1.1K 98 9
                                    

အချိန်တွေသည် တစ်ဖြည်းဖြည်းကုန်လာကာ ဘာလိုလိုနဲ့ jeon တို့ ဆိုးလ်ကိုပြန်ရောက်နေတာတောင် တစ်လကျော်ကျော်လောက်ရှိသွားခဲ့သည်။

ပြန်ရောက်တဲ့ တစ်လအတွင်း jeon က လုံးဝစာမရေးတော့ဘဲ စာအုပ်တိုက်ကို ပိုက်ဆံတွေပြန်အမ်းလိုက်ပြီး စာဆက်မရေးနိုင်တော့ကြောင်းလည်း တစ်ခါတည်းပြောခဲ့လိုက်သည်။

တစ်လ လုံးလုံးဘာလုပ်နေခဲ့တာလဲဆို အချိန်တွေသည် jimin ကို သတိရနေတာနဲ့ပဲ ကုန်မှန်းမသိကုန်သွားခဲ့သည်။

Jimin နဲ့ မတွေ့ရတော့တာ တစ်လကျော်ကျော်ပဲရှိသေးတာကို ကျနော့်မှာ ဆယ်နှစ်ဆယ်မိုးကြာနေသည်ဟု ခံစားရသည်။

ဘာကြောင့်မှန်းမသိပေမယ့် တစ်ချိန်ကျရင် ဒီကောင်လေးကို ပြန်တွေ့နိုင်မှာဖြစ်ကြောင်း ယုံကြည်နေသည်။ကျနော် မရရအောင် ပြန်ရှာမှာ။

ဆိုးလ်မှာက ပြန်မတွေ့နိုင်တာ သေချာသည်မို့ ဘူဆန်ပြန်ဖို့သာ စိတ်လောနေသည်။ ကျနော် jimin ကို ပြန်ရှာချင်တယ်။

"ဒယ်ဒီ! ဘူဆန် ပြန်သွားချင်တယ်။ ပြန်သွားပါရစေ"

မနက်ကတည်းက တစ်ကောက်ကောက်လိုက်ပြီး ပူဆာနေပေမယ့် Mr jeon က လစ်လျူရှုနေခဲ့သည်။

"မရဘူး jeon။ မင်းကဘူဆန်မှာဆို တစ်မျိုးဖြစ်သွားတာ"

"ဘူဆန်ပဲ ပြန်ချင်တယ် ဒယ်ဒီ"

"ဘူဆန်ကို ဘာသွားလုပ်မှာလဲ? မင်းမှာ စာရေးစရာလည်း မရှိတော့ဘဲနဲ့။ဘာလဲ tae လေးပြောတဲ့ မင်းသဘောကျတယ်ဆိုတဲ့လူကိုပြန်ရှာမလို့လား? ငါ tae လေးကလွှဲပြီး တစ်ခြားဘယ်သူ့မှလက်ခံပေးလို့မရဘူးနော် jeon"

"ဟာ...ဒယ်ဒီ..."

"ဘာလဲ? ဒါပဲပြောလိုက်မယ်နော် jeon။ tae လေးကလွှဲပြီး ကျန်တဲ့လူနဲ့ ငါသဘောမတူဘူး။ အေး ဘူဆန်လည်း tae လေးမပါရင် မသွားနဲ့။ tae လေးရော လိုက်မှာဆိုမှ မင်းသွားရမယ်"

"ယောင်းပါရင် သွားလို့ရလား"

Jeon မျက်လုံးတွေဝင်းလက်သွားကာ ကယ်တင်ရှင်ပေါ်လာသလို ခံစားလိုက်ရသည်။

"သွားလို့ရတယ်။ဒါပေမယ့် tae လေးကမလိုက်ချင်ရင် မင်းအတင်းအကြပ်မခေါ်နဲ့။ တကယ်လို့ လိုက်ခဲ့ရင်လည်း tae လေးကိုစိတ်ချမ်းသာအောင်ထား။ ငါ့ကို ပြန်တိုင်သံကြားလို့ကတော့ ငါအဲ့အိမ်ကို တကယ်ပြန်ရောင်းပစ်မှာနော် jeon"

Ghost...♥Where stories live. Discover now