{^-^} Part [7]

1.1K 102 8
                                    

Unicode

ဘူဆန်မြို့လေးရှိ ဆေးရုံတစ်ခုမှ ခွဲစိတ်ခန်းရှေ့တွင် တုန်တုန်ရီရီနှင့် လက်တွဲဘက်အမျိုးသားနှစ်ယောက်သည် သူတို့သားငယ်​လေးရဲ့အသက်ကို ပိုက်ဆံတွေနဲ့ အထပ်ထပ် လောင်းကြေးထပ်ထားရသည်။

"ဂျွန်း.. သားငယ်လေး အဆင်ပြေမှာပါနော်."

မျက်ရည်နဲ့မျက်ခွက်ဖြစ်နေသော Hyung သည် သားငယ် accident ဖြစ်ကတည်းက ချောင်ကျသွားလိုက်တာ လူလဲ နဲ့နဲ့သာကျန်တော့သည်။

ဒီလိုဆို ကျနော်ကရော။ ကျနော်လဲ သားငယ်လေးရဲ့ ဒယ်ဒီပဲ ခံစားရတာပေါ့..။

သားငယ်လေးက ကျနော်တို့အိမ်ရဲ့ ဆည်းလည်းလေးမို့ ဆည်းလည်းလေးမရှိကတည်းက အိမ်လေးလည်း မသာယာတော့တာကြာပြီ။

ဒယ်ဒီ့ကိုရော မင်းပါးပါးကိုရော စိတ်မချပါနဲ့သားငယ်။ ပြန်လာခဲ့ပါ။

မျက်ဝန်းတွေထဲ အရည်ကြည်တို့ရစ်သိုင်းလာပြန်သည်။

"Hyung ကလဲကွာ သားငယ်လေးက ကိုယ်တို့ကိုဒီလောက်ချစ်တာ ထားသွားစရာလား"

တစ်ဦးတည်းသော ခင်ပွန်းသည်လေးအား ဖက်ထားလိုက်ပြီး မျက်ရည်ဥတို့ ချစ်ရသူမမြင်အောင် ကွယ်ဝှက်ထားလိုက်သည်။

Hyung ရှေ့မှာတော့ ကျနော် သန်မာပြမှရမည်။ တစ်ခုခုဆို မင်းပါးပါးက ခံနိုင်ရည်မရှိဘူးသားငယ်။ စနောက်မနေပါနဲ့တော့ကွာ။

ဒယ်ဒီတို့မင်းကိုလွမ်းလှပြီ ကလေးရဲ့...။

ပိုက်ဆံဆိုတာ ဘယ်ချိန်ရှာရှာရတယ်။ သားငယ်လေးက ဒီတစ်ယောက်ထဲမို့ အသက်ရှင်ခွင့်ပေးပါ အရှင်ရယ်..။

"ဒယ်ဒီ ပါးပါး အငယ်ကောင်က ဘယ်လိုဖြစ်တာလဲ."

ခွဲစိတ်ခန်းရှေ့ကို နောက်ထပ်အပြေးရောက်ချလာတဲ့ ကောင်လေးတစ်ဦးလည်းရှိနေခဲ့သည်။ အသက်လုနေရတဲ့ ကောင်လေးနဲ့ ညီအကိုတွေပေါ့။

"မသိဘာဘူး သားလတ်ရယ်။ အောင်ဆီဂျင်စက်ပေးထားတာတောင် နှလုံးခုန်နှေးသွားတယ်တဲ့ သားရဲ့။ သားငယ်လေးတော့ အဆင်မှပြေပါ့မလားမသိဘူး။ ပါးပါးမှာ ဒီသားငယ်လေးပဲရှိတာကို."

Ghost...♥Where stories live. Discover now