ဖြောင့်ချက်(ေျဖာင့္ခ်က္)

2.7K 87 17
                                    

ဒါဟာ ရိုးရှင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ငယ်သူငယ်ချင်းလေးကို တစ်ဖက်သတ် ချစ်မိသွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။

သူမရဲ့ အချစ်ကို နှုတ်က ဖွင့်ဟဖို့ တစ်ခါမှ သတ္တိမရှိခဲ့တဲ့ ကောင်မလေးဟာ ဒီတစ်ကြိမ်မှာတော့ သတ္တိရှိစွာနဲ့ ချစ်ရတဲ့အကြောင်းတွေကို ပေထက်အက္ခရာ တင်ခဲ့လိုက်ပါတယ်။

'ရင်ထဲကနွေ' ဟာ လာမယ့် ဆောင်းဦးရာသီမှာ အသက် ၂၅နှစ်ပြည့်မယ့် ချစ်ရတဲ့ သူငယ်ချင်းလေးတစ်ယောက်အတွက် ကောင်မလေးတစ်ယောက်ရဲ့ ရင်က ဖြစ်တည်လာတဲ့ မွေးနေ့လက်ဆောင်လေးဖြစ်ပါတယ်။

ဒီလက်ဆောင်ကို သူတွေ့ပါစေလို့လည်း ကောင်မလေးက ဆုတောင်းမိတယ်။ မတွေ့ပါစေနဲ့လို့လည်း ဆုတောင်းမိတယ်။ နောက်ဆုံးတော့လည်း ကောင်မလေးဟာ သတ္တိရှိတော့မလိုလိုနဲ့ သူရဲဘောကြောင်တုန်းပါပဲ။ (ကိုယ်ကတော့ ပေးလိုက်ပြီကွယ်...
မင်းမကြိုက်ရင် လွှင့်ပစ်လိုက်ရုံပေါ့)

'ရင်ထဲကနွေ' ဖြစ်တည်လာရတာဟာ ဒီထဲမှာပါတဲ့ သက်ရှိက အစ၊ သက်မဲ့အဆုံး အားလုံးရဲ့ ပံ့ပိုးမှုပါပါတယ်။ အတူတူဖြတ်သန်းခဲ့ရတဲ့ ခုနှစ်သက္ကရာဇ်များဆီက သက်ရှိ၊ သက်မဲ့ အရာအားလုံးကို လွမ်းဆွတ်သတိရခြင်းများစွာနဲ့ ရေးသားခဲ့ခြင်းသာ ဖြစ်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်း အလျှင်း မရှိပါ။

ဒီဇာတ်လမ်းလေးဟာ ပြောခဲ့သလိုပါပဲ။ ရိုးရှင်းပါတယ်။ ဒီဇာတ်လမ်းလေး ဖြစ်လာဖို့တော့ တကယ့်ဘဝမှာ အချိန်အများကြီး ဖြတ်သန်းခဲ့ရပါတယ်။ ပြန်မရနိုင်တော့တဲ့ ငယ်ရွယ်မှုတွေ၊ နုနယ်ဖြူစင်ခဲ့တဲ့ နှလုံးသားတွေကို အောက်မေ့ရင်း ဒီဝတ္ထုလေးကို ကြိုးစားပြီး ရေးသားခဲ့ပါတယ်။

'ရင်ထဲကနွေ' ဟာ စာရေးသူရဲ့ ပထမဆုံးရေးသားခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်။ ၂၀၂၁ရဲ့ ဒီဇင်ဘာမှာ စရေးဖြစ်ခဲ့ပြီးတော့
၂၀၂၂ အောက်တိုဘာမှ အပြီးသတ်နိုင်ခဲ့ပါတယ်။

'ရင်ထဲကနွေ' ကို အစမှ အဆုံးထိ ဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ် တစ်ယောက်ချင်းစီကိုလည်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။
ကျန်းမာရွှင်လန်းပါစေ။
ချစ်ဦးရင်မှာ ခိုနားနိုင်ကြပါစေ။

ဆန္ဒမွန်ဖြင့်
မြိုင်ဟေဝန်
Oct30, 2022
.
.
.
.
.

Zawgyi

ဒါဟာ ႐ိုးရွင္းတဲ့ ဇာတ္လမ္းေလးတစ္ပုဒ္ပါ။ ငယ္သူငယ္ခ်င္းတစ္ေယာက္ကို တစ္ဖက္သတ္ ခ်စ္မိသြားတဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ ဇာတ္လမ္းေလးတစ္ပုဒ္ေပါ့။

သူမရဲ႕ အခ်စ္ကို  ႏႈတ္က ဖြင့္ဟဖို႔ တစ္ခါမွ သတၱိမရွိခဲ့တဲ့ ေကာင္မေလးဟာ ဒီတစ္ႀကိမ္မွာေတာ့ သတၱိရွိစြာနဲ႔ ခ်စ္ရတဲ့အေၾကာင္းေတြကို ေပထက္အကၡရာ တင္ခဲ့လိုက္ပါတယ္။

'ရင္ထဲကေႏြ' ဟာ လာမယ့္ ေဆာင္းဦးရာသီမွာ အသက္ ၂၅ႏွစ္ျပည့္မယ့္ ခ်စ္ရတဲ့ သူငယ္ခ်င္းေလးတစ္ေယာက္အတြက္ ေကာင္မေလးတစ္ေယာက္ရဲ႕ ရင္က ျဖစ္တည္လာတဲ့ ေမြးေန႔လက္ေဆာင္ေလးျဖစ္ပါတယ္။

ဒီလက္ေဆာင္ကို သူေတြ႕ပါေစလို႔လည္း ေကာင္မေလးက ဆုေတာင္းမိတယ္။ မေတြ႕ပါေစနဲ႔လို႔လည္း ဆုေတာင္းမိတယ္။ ေနာက္ဆုံးေတာ့လည္း ေကာင္မေလးဟာ သတၱိရွိေတာ့မလိုလိုနဲ႔ သူရဲေဘာေၾကာင္တုန္းပါပဲ။ (ကိုယ္ကေတာ့ ေပးလိုက္ၿပီကြယ္...
မင္းမႀကိဳက္ရင္ လႊင့္ပစ္လိုက္႐ုံေပါ့)

'ရင္ထဲကေႏြ' ျဖစ္တည္လာရတာဟာ ဒီထဲမွာပါတဲ့ သက္ရွိက အစ၊ သက္မဲ့အဆုံး အားလုံးရဲ႕ ပံ့ပိုးမႈပါပါတယ္။ အတူတူျဖတ္သန္းခဲ့ရတဲ့ ခုႏွစ္သကၠရာဇ္မ်ားဆီက သက္ရွိ၊ သက္မဲ့ အရာအားလုံးကို လြမ္းဆြတ္သတိရျခင္းမ်ားစြာနဲ႔ ေရးသားခဲ့ျခင္းသာ ျဖစ္ပါတယ္။ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္ေစလိုျခင္း  အလွ်င္း မရွိပါ။

ဒီဇာတ္လမ္းေလးဟာ ေျပာခဲ့သလိုပါပဲ။ ႐ိုးရွင္းပါတယ္။ ဒီဇာတ္လမ္းေလး ျဖစ္လာဖို႔ေတာ့ တကယ့္ဘဝမွာ အခ်ိန္အမ်ားႀကီး ျဖတ္သန္းခဲ့ရပါတယ္။ ျပန္မရႏိုင္ေတာ့တဲ့ ငယ္႐ြယ္မႈေတြ၊ ႏုနယ္ျဖဴစင္ခဲ့တဲ့ ႏွလုံးသားေတြကို ေအာက္ေမ့ရင္း ဒီဝတၳဳေလးကို ႀကိဳးစားၿပီး ေရးသားခဲ့ပါတယ္။

'ရင္ထဲကေႏြ' ဟာ စာေရးသူရဲ႕ ပထမဆုံးေရးသားခဲ့တဲ့ ဝတၳဳျဖစ္ပါတယ္။ ၂၀၂၁ရဲ႕ ဒီဇင္ဘာမွာ စေရးျဖစ္ခဲ့ၿပီးေတာ့
၂၀၂၂ ေအာက္တိုဘာမွ အၿပီးသတ္ႏိုင္ခဲ့ပါတယ္။

'ရင္ထဲကေႏြ' ကို အစမွ အဆုံးထိ ဖတ္ရႈေပးၾကတဲ့ စာဖတ္ပရိသတ္ တစ္ေယာက္ခ်င္းစီကိုလည္း ရင္ထဲမွ  လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ေၾကာင္း ေျပာပါရေစ။
က်န္းမာ႐ႊင္လန္းပါေစ။
ခ်စ္ဦးရင္မွာ ခိုနားႏိုင္ၾကပါေစ။

ဆႏၵမြန္ျဖင့္
ၿမိဳင္ေဟဝန္
Oct30, 2022

ရင်ထဲကနွေWhere stories live. Discover now