အပိုင်း ၂
"သမီး မအိပ်သေးဘူးလား "
ဒေါ်မူယာခင် သမီးဖြစ်သူအခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ မအိပ်သေးဘဲ စာရေးနေသဖြင့် အံသြနေလေသည်။
"ဟုတ်တယ် မာမီ စာတွေမရသေးဘူး ကျက်ရအုန်းမယ်"
ခါတိုင်းဆို စာမရသေးလဲဂရုမစိုက် အမြဲစောစောအိပ်တတ်သည့်သမီးက ညသန်းခေါင်ထိစာကျက်နေသေးတယ အထူးဆန်းဖြစ်နေလေသည်။ တည်တံ့ စာသင်တဲ့တစ်ပတ်အတွင်း သိသိသာသာပြောင်းလဲလာတဲ့သမီးကြောင့် ဝမ်းသာနေရသည်။
"ဆရာကေလ စာမရရင် ခေါင်းခေါက်တယ် မာမီ သမီးခေါင်းလေးသနားပါတယ် "
သမီးစကားကြောင့် ဒေါ်မူယာခင် ပြုံးလိုက်လေသည်။
"သမီးခေါင်းလေးကို မနာစေချင်ရင် စာလုပ်လေ ဟုတ်ပြီလား ခုလပတ်မှာ အဆင့်ကောင်းကောင်းရရင် မာမီက သမီးလိုချင်တာဝယ်ပေးမယ် "
"တကယ္လား မာမီ "
"တကယ်ပေါ့ ဘယ်လောက်ဈေးကြီးကြီးဝယ်ပေးမယ်
အဲ့ကြောင့်စာကြိုးစား ""ဟုတ်ကဲ့ "
"အဲ့ဆို မာမီ သွားတော့မယ် Good Night နော် သမီးလေး"
"ဟုတ်ကဲ့ မာမီ Good nightပါရှင့် "
%%%%%%%%%%%
"စာတွေတော်တော်ရနေပါလား အမွားသိပ္မပါဘူး "
"ဆရာကလဲ မှားတော့လဲမှားလို့ မမှားတော့လဲမမှားလို့ ဘယ်လိုလုပ်ပေးရမှာလဲ "
မေဇူးစကားကြောင့် တည်တံ့ ပြုံးလိုက်လေသည်။
"အယ် ဆရာပြုံးတတ်တယ်လား."
သင်လာတဲ့တစ်လကျော်အတွင်း တည်တံ့ပြုံးတာ မေဇူး မတွေ့ဖူးတော့အထူးဆန်းဖြစ်နေလေသည်။
"ဟင် ဘယ်လိုမေးလိုက်တာပါလိမ့် လူဘဲလေ ပြုံးတတ်တာပေါ့ "
"အာ ဟုတ်ပါတယ် ဒါပေမယ့် ဆရာပြုံးတာမေဇူးက ခုမှမြင်ဖူးတာလေ "
"ဆရာ ဆရာနဲ့မခေါ်လို့မရဘူးလား "
" ဟမ် ဆရာ့ကို ဆရာလို့မခေါ်တော့ ဘာလိုခေါ်ပေးရမလဲ ဆရာ"
YOU ARE READING
မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed)
Romance10နှစ်ကျော်ကွာတဲ့ ဆရာနဲ့တပည့်လေး အချစ်ဇာတ်လမ်းလေးပါ