အပိုင်း ၁၃
"မင်းသမီးကော မနိုးသေးဘူးလား "
ဦးထက်ဇော် မနက်စာစားဝိုင်းမှာ သမီးကိုမမြင်ရ၍ မိန်းမလုပ်သူကို မေးလေသည်။
"မသိဘူး မဆင်းလာသေးဘူး"
"မင်းသမီးကို မျက်စိထောက်ဒေါက်ကြည့်ထား အိမ်ထဲကအိမ်ပြင်မထွက်စေနဲ့ "
"ရှင်ဘယ်လိုဖြစ်နေတာလဲ အဲ့လိုပိတ်လှောင်ထားရုံနဲ့ ထိန်းချုပ်နိုင်မယ့်ကိစ္စလို့ထင်နေတာလား"
"အဲ့ဆို ငါကဘာလုပ်ပေးရမှာလဲ သူ့စိတ်တိုင်းကျ အဲ့ကောင်နဲ့သဘောတူပေးလိုက်ရမှာလား "
"မဟုတ်ဘူးလေ တည်တံ့ကဘာဖြစ်နေလို့လဲ "
"မူယာခင် မင်းဘယ်လိုမေးလိုက်တာလဲ တည်တံ့ကစေ့စပ်ပြီးသားလေ သူနဲ့ယူလိုက်ရင် ငါတို့သမီး
အရှက်ကွဲမယ်ဆိုတာမင်းမသိဘူးလား နောက်ပြီး မနေ့က စုစုလှိုင်ပြောသွားတာ မင်းမကြားဘူးလား ""ကြားပါတယ် ဒါပေမယ့် သမီးအကြောင်းကိုရှင်လဲသိရဲ့သားနဲ့ ခေါင်းအရမ်းမာတယ်ဆိုတာ "
"တခြားကိစ္စမှာ သူခေါင်းမာတာကို ငါလိုက်လျောပေးခဲ့ပေမယ့် ဒီတစ်ခါတော့ မရဘူး ငါပြောတဲ့အတိုင်းသာလုပ် ငါ နောက်ထပ်ဘာမှမကြားချင်ဘူး "
ဦးထက်ဇော် ထိုသို့ဆိုကာ ထွက်သွားလေသည်။
"ဒီသားဖတွေကတော့ ဒုက္ခပါဘဲ အဖေကတစ်မျိုး သမီးကတစ်မျိုးနဲ့"
ဒေါ်မူယာခင်လဲ သမီးလုပ်သူကိုနှိုးရန် အပေါ်ထပ်သို့ တက်လာခဲ့လေသည်။
"သမီး သမီး"
တံခါးကို ခေါက်နေသော်လဲ အထဲကဘာမှအသံမပေး။
" မာမီဝင်ခဲ့ပြီနော် "
Lockချမထား၍ သူ့ဘာသူသာ ဖွင့်ဝင်လိုက်တော့ ကုတင်ပေါ်မှာ အရုပ်ကြိုးပျက်လှဲနေတဲ့သမီးဖြစ်သူကို တွေ့ရလေသည်။
"သမီးလေး နိုးနေပြီလား မျက်နှာသစ် မာမီက သမီးကြိုက်တဲ့ခေါက်ဆွဲချက်ထားတယ် "
"သမီးမစားချင်ဘူး မာမီ "
"သမီးကလဲ မာမီကသမီးကိုစားစေချင်လွန်းလို့ ချက်ထားတာလေ စားရအောင်နော် မာမီသမီးလေးက လိမ္မာတယ် ထ "
ESTÁS LEYENDO
မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed)
Romance10နှစ်ကျော်ကွာတဲ့ ဆရာနဲ့တပည့်လေး အချစ်ဇာတ်လမ်းလေးပါ