မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်
အပိုင်း ၂၂
"တည်တံ့ "
ဒေါ်စုစုလှိုင် သားကိုတွေ့တာနဲ့ချက်ချင်းဘဲ ပြေးဖက်လိုက်မိလေသည်။
"အမ ကျတော့်ကိုခေါ်တာဘာကိစ္စရှိလို့လဲ "
တည်တံ့ရဲ့သူစိမ်းဆန်ဆန်စကားကြောင့် ဒေါ်စုစုလှိုင် ဖက်ထားတာကို လွှတ်လိုက်လေသည်။
"အမ မင်းကိုပြောစရာရှိလို့ ထိုင်အုန်း"
တည်တံ့ ဒေါ်စုစုလှိုင်ဘေးသို့ ဝင်ထိုင်လိုက်လေသည်။
"အမနဲ့ အမေရိကားကို လိုက်ခဲ့ပါ တည်တံ့"
"ဘာလုပ်ဖို့လဲ "
"အမမှာ ကင်ဆာရောဂါဖြစ်နေတယ် တည်တံ့ "
"ဘယ်လို..."
တည်တံ့ အရမ်းအံသြထိတ်လန့်သွားလေသည်။
"အဲ့ကြောင့် အမရဲ့နောက်ဆုံးအချိန််မှာ မင်းနဲ့အတူတူ ကူန်ဆုံးချင်တယ် တည်တံ့ရယ် အမနဲ့လိုက်ခဲ့ပါနော် အမတို့နှစ်ယောက်ထဲထွက်သွားကြရအောင်"
"အမ..ဘယ်လိုပြောလိုက်တာလဲ နှစ်ယောက်ထဲတဲ့လား အခုချိန်မှာ ကျတော်က ဘယ်လိုလုပ်ထွက်သွားလို့ရမလဲ မေဇူးက ကိုယ်ဝန်ကြီးနဲ့လေ "
"အဲ့ကောင်မက ဘာအရေးကြီးလို့လဲ သူ့ဟာသူထားခဲ့ပေါ့ "
"အမ....!!!!!"
တည်တံ့ အရမ်းဒေါသထွက်ကာ ဒေါ်စုစုလှိုင်ကို အော်ချလိုက်လေသည်။
"အမမှာ ကိုယ်ချင်းစာစိတ်မရှိဘူးလား ဟမ် ဘယ်လိုလုပ်ပြီး သူ့ကို တစ်ယောက်ထဲ ထားခဲ့ဖို့ပြောရက်တာလဲ သူ့ဗိုက်ထဲမှာရှိနေတာ ကျတော့်ကလေးလေ သူ့ကို မကြည်ဖြူရင်တောင် ကလေးကိုတော့ စာနာသင့်တယ်မလား "
"အဲ့တာတွေ ငါမသိဘူး ငါသိတာ တခုဘဲရှိတယ် မင်း ငါနဲ့ အမေရိကားကို လိုက်ခဲ့ရမယ် ဒါဘဲ "
"လုံးဝဘဲ ကျတော်လုံးဝမေဇူးကို မထားခဲ့နိုင်ဘူး"
တည်တံ့ ထိုသို့ယတိပြတ်ပြောကာ ထသွားစဥ်
"မင်းအမေကိုတော့ မင်းက ထားခဲ့နိုင်တယ်ပေါ့ ဟုတ်လား"
ထိုစကားကြောင့် တည်တံ့ ရုတ်တရက် ရပ်တန့်သွားလေသည်။
YOU ARE READING
မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed)
Romance10နှစ်ကျော်ကွာတဲ့ ဆရာနဲ့တပည့်လေး အချစ်ဇာတ်လမ်းလေးပါ