အပိုင်း ၈

3.3K 83 6
                                    

မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်

"မေဇူး ဒီမှာခနနေအုန်းနော်"

သူငယ်ချင်းကို KTV ရှေ့က ခုံလေးပေါ်မှာထားခဲ့ရင်း
မဒီက ကားထုတ်ဖို့ပါကင်ဘက်သွားလေသည်။

မေဇူးကတော့ ထိုင်ခုံပေါ်မှာ ခေါင်းစိုက်ကျရင်း ကျန်နေရစ်ခဲ့လေသည်။

"မေဇူး "

သူမကိုခေါ်တဲ့အသံကြားတာကြောင့် မျက်စိတစ်ဖက်ကိုမရမကဖြဲရင်း မော်ကြည့်လိုက်လေသည်။

"ဟီး ဦးတည်ပါလား "

"ဒီမှာတစ်ယောက်ထဲဘာလုပ်နေတာတုန်း အဖော်မပါဘူးလား "

"ပါတယ်"

ယိုင်တိယိုင်တိုင်နဲ့ထရပ်လိုက်ပြီး ခွေကနဲလဲမလိုဖြစ့သွားတဲ့မေဇူးကို တည်တံ့ လက်ကလေးကိုကိုင်ဆွဲရင်းထိန်းလိုက်ရလေသည်။

"ကားပါလာလား "

"အင်း ပါတယ် "

"ဘယ်မှာလဲ ကားနားလိုက်ပို့မယ် အဖော်ကကော အဲ့မွာလား "

"အင်း "

"လာ သွားမယ် "

သူ့လက်ကိုဆွဲကာခေါ်သွားမလို့လုပ်တဲ့တည်တံ့ကို မေဇူးဖက်လိုက်လေသည်။

"ဦးတည် မေဇူးကိုဘာလို့ဒီလိုတွေလုပ်နေတာလဲ "

"ဟင် "

"မေဇူး အခုရူးတော့မယ် မေဇူးလေ ဦးတည်ကို သိပ်ချစ်တယ် "

မေဇူးရဲ့စကားကြောင့် တည်တံ့ မျက်လုံးပြူးသွားရလေသည်။

"ဦးတည် မေဇူးကိုမချစ်ဘူးလား ဦးတည်လဲ မေဇူးကို ချစ်တယ်မလားဟင် ဟုတ္တယ္မလား."

"မင်းမူးနေပြီ မေဇူး သွားရအောင်"

"ဖယ် မမူးဘူး "

သူ့လက်ကိုဆွဲထားတဲ့တည်တံ့လက်ကိုဖယ်ချလိုက်တဲ့မေဇူး

"ဦးတည် အရမ်းရက်စက်တာသိလား မေဇူးကလေ ဦးတည်ကိုတွေ့ချင်လွန်းလို့ အရမ်းလွမ်းနေလို့ Masterဆက်မတက်ဘဲပြန်လာခဲ့တာ ဒီရောက်တော့ မေဇူးရဲ့မျှော်လင့်ချက် အိပ်မက်တွေအားလုံးပျက်ဆီးသွားတယ် အဲ့မိန်းမ အခရာမိုး အဲံမိန်းမကို မေဇူးသတ်ပစ်ချင်လောက်အောင်မုန်းတယ် "

မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed) Where stories live. Discover now