အပိုင်း ၁၂
"ဦးတည် ဘာလို့ကားရပ်လိုက်တာလဲ"
"အင်း ခနရပ်မလို့"
တည်တံ့ လမ်းဘေးတစ်နေရာတွင်ကားကို ခနရပ်လိုက်လေသည်။
"ဦးတည် ဘာဖြစ်တာလဲဟင် နေမကောင်းဘူးလား "
မှူန်သုန်နေသောတည်တံ့မျက်နှာကို မေဇူးကြည့်ရင်း
စိုးရိမ်နေလေသည်။"မဟုတ်ပါဘူး ဦးတည် နေကောင်းပါတယ် "
"မေဇူးကိုမညာပါနဲ့ ဦးတည်တခုခုဖြစ်နေတယ်မလား မေဇူးကိုပြောပြပါ ဘာဖြစ်နေတာလဲဟင် "
အမှန်တိုင်းပြောပြရမလား ဖုံးကွယ်ရမလားဆိုတာ ဒွိဟဖြစ်နေလေသည်။ ဒါပေမယ့်
မေဇူးကိုဖုံးကွယ်ဖို့ဆိုတာမဖြစ်သင့်ပါဘူးလေလို့ တည်တံ့တွေးမိလေသည်။"ဦးတည်တောင်းပန်ပါတယ် မေဇူး ဦးတည်တို့လမ်းခွဲရအောင် "
တည်တံ့စကားကြောင့် မေဇူးထိတ်လန့်သွားကာ မျက်ဝန်းအိမ်မှာ မျက်ရည်တွေဝဲလာရလေသည်။
"ဦးတည်"
"ဦးတည် အခရာ့နဲ့လက်ထပ်ရတော့မယ် "
"မဟုတ်ဘူး ဦးတည် ဘာတွေပြောနေတာလဲ "
"နောက်အပတ်ထဲမှာ ဦးတည်နဲ့အခရာ လက်ထပ်ရတော့မယ် မေဇူး "
မေဇူးမျက်နှာက သွေးပျက်သွားသလိုထိတ်လန့်မှုတွေနဲ့ ပြည့်နှက်သွားလေသည်။ လက်တွေကတောင်တုန်တုန်ယင်ယင်ဖြစ်နေလေသည်။
"မရဘူးနော် ဦးတည် မေဇူးကိုကတိပေးထားတယ်လေ မေဇူးကိုမထားခဲ့ပါဘူးလို့ "
"တောင်းပန်ပါတယ် တကယ်တောင်းပန်ပါတယ်"
"မဟုတ်ဘူး အဲ့လိုကြီး အဲ့လိုကြီးတော့မပြောပါနဲ့ မေဇူးကိုမထားခဲ့ပါနဲ့နော် မေဇူး တောင်းပန်ပါတယ်နော်"
သူ့လက်ကိုဆုပ်ကိုင်ကာ ငိုယိုတောင်းပန်လာတဲ့မေဇူးကို ကြည့်နေရတာ တည်တံ့ရင်တွေကွဲနေရလေသည်။
"ဒီတိုင်းဘဲ ဒိတိုင်းလေးဘဲ ဆက်ချစ်နေလို့မရဘူးလား ဘယ်သူ့ကိုမှမပြောပြဘဲနဲ့ တိတ်တိတ်လေးဘဲ ဆက်တွဲကြမယ်လေ နော် ဦးတည်နော် မေဇူးကိုမထားခဲ့ပါနဲ့"
KAMU SEDANG MEMBACA
မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed)
Romansa10နှစ်ကျော်ကွာတဲ့ ဆရာနဲ့တပည့်လေး အချစ်ဇာတ်လမ်းလေးပါ