မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်
အပိုင်း ၆
"သမီး ပြန်လာပြီလား "
"ဟုတ်ကဲ့ ဒီမှာမာမီမှာတဲ့ဆေးနော် "
"အေးအေး အဲ့မှာထားလိုက် သမီး "
ဆေးဘူးကိုစားပွဲခုံပေါ်တင်ပြီး အခန်းထဲဝင်လာခဲ့လေသည်။ အခန်းထဲရောက်တာနဲ့ ကုတင်ဘေးမှာ ထိုင်ချရင်း အသံတိတ်ငိုနေမိလေသည်။
နာကျင်မှုနဲ့အတူ ခေါင်းထဲဝင်လာတဲ့အတွေးက အကယ်၍များ ငါသာ ပညာတော်သင်မသွားခဲ့ဘူးဆိုရင် အခုချိန်မှာ အခြေအနေတွေ တစ်မျိုးတဖုံများ ပြောင်းလဲနေမလား ဦးတည်ချစ်ရတဲ့သူက ငါများဖြစ်နေခဲ့မလား
ရူးနှမ်းနှမ်းအတွေးတွေဘဲဖြစ်ပါလိမ့်မယ် ဘာဘဲဖြစ်ဖြစ် သူ့မှာအခုဆိုဆိုင်သူရှိနေပြီလေ ဘာတွေတွေးနေရတာလဲ မေဇူးသော်ရယ် တော်ပါတော့
ပေါက်တရတွေ တွေးလိုက် အသိစိတ်ကပြန်ထိန်းလိုက်နဲ့ မေဇူး တော်တော်မွန်းကျပ်နေလေသည်။
%%%%%%%%
"သောက်တောင်နေပြီလားဟ "
ဘေးကိုရောက်လာတဲ့သူငယ်ချင်းကြောင့် တည်တံ့သောက်လက်စ အရက်ခွက်ကိုစားပွဲပေါ်ချလိုက်လေသည်။
"ကြာလိုက်တာကွာ မင်းကလဲ "
"ဆောတီးကွာ ငါမိန်းမစိတ်ကောက်နေတာ ချော့နေရလို့ ကြာသွားတယ် ဒါနဲ့ မင်းဘာတွေစိတ်ညစ်နေလို့တုန်း မသောက်တာကြာတဲ့ကောင်က လှမ်းခေါ်တော့ ကြောင်သွားတယ် "
တည်တံ့ သူငယ်ချင်းဖြစ်သူ ဇေရဲအတွက် အရက်ငဲ့ပေးနေရင်း သက်ပြင်းတစ်ချက်ချလိုက်လေသည်။
"ဟျောင့် တကယ့ဘဲဘာတွေဖြစ်လာတာတုန်း"
"မင်း အခုပျော်ရွင်နေလား ဇေရဲ"
တည်တံ့ရဲ့ခပ်ကြောင်ကြောင်မေးခွန်းကြောင့် ေဇရဲပါ ကြောင်သွားရလေသည်။
"ဘာကိုမေးတာလဲ မင်းမေးတာငါနားမလည်ဘူး"
"မင်း ကေသီနဲ့ချစ်လို့လက်ထပ်ခဲ့တာမလား မိဘတွေကိုတောင်ဆန့်ကျင်ပြီးတော့လေ အဲ့တာပျော်လားလို့"
KAMU SEDANG MEMBACA
မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed)
Romansa10နှစ်ကျော်ကွာတဲ့ ဆရာနဲ့တပည့်လေး အချစ်ဇာတ်လမ်းလေးပါ