အပိုင်း ၂၅(ဇာတ်သိမ်း)

9.2K 154 9
                                    

မိုးကောင်းကင်ကိုမိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်

အပိုင်း ၂၅(ဇာတ်သိမ်း)

"ကျတော် ဒီအဖြစ်မှန်တွေကို မကြာသေးခင်မှ သိခဲ့ရတာပါ ကျတော်က မမစုရဲ့မောင်မဟုတ်ဘဲ သားဆိုတာကို "

တည်တံ့ ဒေါ်စုစုလှိုင်နဲ့သူ့ရဲ့ပက်သက်မှုကို ယောက္ခမတွေအားအားလုံးပြောပြခဲ့လေသည်။ ဦးထက်ဇော်နဲ့ဒေါ်မူယာခင်လဲ တော်တော်လေးအံသြနေရလေသည်။

"ကျတော်တောင်းပန်ပါတယ် မမခင်"

"ထပါ တည်တံ့ရယ် ဒီကိစ္စက မင်းအပြစ်မှမဟုတ်ဘဲ ဒါကလူကြီးတွေရဲ့အမှားတွေက ကလေးတွေထိပါရိုက်ခတ်ကုန်တာ "

"ဟုတ်သားဘဲ မင်းအပြစ်မှမဟုတ်ဘဲ တောင်းပန်စရာမလိုပါဘူး ထ"

ဒေါ်မူယာခင်နဲ့ ဦးထက်ဇော်  ဒူးထောက်ပြီးတောင်းပန်နေတဲ့သမက်ကို ထဖို့ဖြောင်းဖြလိုက်လေသည်။

"အခု မင်းကိုတိုင်ပင်စရာတခုရှိတယ် တည်တံ့"

"ဘာများလဲ မမခင်"

"သမီးလေးကို ဘန်ကောက်ခေါ်သွားပြီးကုသဖို့လုပ်ထားတာ မင်းဘယ်လိုသဘောရလဲ"

"ကျတော်လဲအဲ့တာဘဲတွေးနေတာ ဘန်ကောက်ကဆေးရုံတခုမှာ ကျတော်တို့ရဲ့Professorတစ်ယောက်ရှိတယ် ဒိလိုCaseတွေမှာအရမ်းတော်တဲ့Professorဘဲ ကျတော်သူ့ဆီဆက်သွယ်ထားတယ် သူ မနက်ဖြန်ကျအကျိုးကြောင်းပြန်ပြောပေးမယ်တဲ့"

"ဟုတ်လား အဲ့ဆိုအဆင်ပြေတာပေါ့ သူ့ဘက်ကအကြောင်းပြန်တာနဲ့ ချက်ချင်းသွားကြမယ့"

"ဟုတ်ကဲ့"

နောက်နေ့ရောက်တော့ Professor က အကြောင်းပြန်လေသည်။

"Hello တည်တံ့ "

"ဟူတ်ကဲ့ Professorကြီး ကျတော်ရဲ့Mailဖတ်ပြီးပြီလားဗျ"

"အင်း ဖတ်ပြီးပြီ ဒီလိုCaseတွေက ခွဲစိတ်ဖို့တော်တော်လေးခက်တယ်ဆိုတာတော့ မင်းအနည်းငယ်ကျဥ်းတော့ သိထားလောက်မှာပေါ့"

Professor ရဲ့ စကားကြောင့် တည်တံ့စိတ်တွေလေးလာလေသည်။ သူဟာ သားဖွားမီးယပ်အထူးကုမဟုတ်ပေမယ့် ဆေးပညာအရတော့ အနည်းငယ်သိရှိသွားလေသည်။

You've reached the end of published parts.

⏰ Last updated: Feb 19, 2023 ⏰

Add this story to your Library to get notified about new parts!

မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed) Where stories live. Discover now