မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်
အပိုင်း ၁၈
"မင်းက အမေရိကားကိုဘာလာလုပ်တာလဲ စုစုလှိုင် "
သူ့ကိုမေးလာတဲ့မေးခွန်းကို မဖြေခင် ဒေါ်စုစုလှိုင် သောက်လက်စ ဝိုင်ခွက်ကိုစားပွဲပေါ်ချကာ
ထိုလူရှေ့မှာထိုင်လိုက်လေသည်။"ဒီလိုဘဲ အပန်းလာဖြေတာပေါ့ ရှင့်အပူမပါပါဘူး"
"ဒါနဲ့ တည်တံ့က မူယာခင်သမီးနဲ့ ယူသွားတယ်ဆို အဲ့ကြောင့် ကြေကွဲနေတာလား "
ထိုစကားကြောင့် ဒေါ်စုစုလှိုင် ဒေါသတွေထွက်ကာ
ဝိုင်နဲ့ ထိုလူ့မျက်နှာကို ပက်ချလိုက်လေသည်။"ရှင့်ပါးစပ်ကနေ တည်တံ့နာမည်ထွက်မလာစေနဲ့
ကိုပြေအောင်"ဦးပြေအောင် အိတ်ကပ်ထဲက လက်ကိုင်ပဝါကိုထုတ်ကာ မျက်နှာကိုသုတ်လိုက်လေသည်။
"ဘာလို့လဲ ငါ့သားနာမည်ကို ငါ့ပါးစပ်ကထုတ်ပြေတာဘာဖြစ်လို့လဲ "
"ရှင့်သား တည်တံ့က ဘာလို့ရှင့်သားဖြစ်ရမှာလဲ ရှင်ရူးနေသလား "
"မင်းမွေးထားတဲ့သားဆိုမှတော့ ငါ့သားဘဲလေ ဟုတ်တယ်မလား "
"ရှင်နဲ့ကျမက တရားဝင်ကွာရှင်းပြီးသားလေ မေ့နေပြီထင်တယ်"
"ဟ ဟား"
ဦးပြေအောင် တစ်ချက်ရယ်လိုက်လေသည်။
" တရားဝင် အေးပေါ့ တရားဝင်ကွာရှင်းထားတယ် ဒါပေမယ့် ပိုင်ဆိုင်မှုတွေကတော့ တရားဝင်မခွဲရသေးဘူးလေ "
"ရှင့်ကို ကျမအရင်ကနေခဲ့တဲ့ခြံကိုပေးထားပြီးသားလေ ဘာထပ်ပေးစရာလိုသေးလို့လဲ "
"ငါအခုအကြွေးတွေပတ်နေတယ် အဲ့တာနဲ့တင်မလုံလောက်ဘူး မင်းရဲ့ပဲခူးကခြံကို ငါ့ကိုပေးလိုက်"
"မပေးနိုင်ဘူးဆိုရင်ကော.... "
ဒေါ်စုစုလှိုင်စကားကြောင့် ဦးပြေအောင် တစ်ချက်ပြုံးလိုက်ကာ
"အဲ့ဆိုရင်တော့ သူက လင်ကောင်မဖော်ဘဲမွေးလာတဲ့ လူတစ်ယောက်ဆိုတာ တည်တံ့သိသွားစေရမယ်လေ "
YOU ARE READING
မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed)
Romance10နှစ်ကျော်ကွာတဲ့ ဆရာနဲ့တပည့်လေး အချစ်ဇာတ်လမ်းလေးပါ