အပိုင်း ၁၅

4.1K 98 0
                                    

အပိုင်း  ၁၅

"ဘာကိစ္စရှိလို့လဲ စုစုလှိုင် "

"နင့်သမီးအိမ်မှာရှိလား "

"အဲ့တာ နင်ကဘာလို့သိချင်နေရတာလဲ"

"အားအားယားယားသိချင်နေလို့မေးတာမဟုတ်ဘူး
ငါ့မောင်ကို ဆက်သွယ်လို့မရလို့ အဲ့တာနင့်သမီးကော
ဘယ်မှာလဲ "

"ငါ့သမီးပျောက်နေတယ် ဘယ်ခွေးကများချီသွားလဲမသိဘူး"

"ဘာ နင့်သမီးလဲမရှိဘူးဟုတ်လား"

ဒေါ်စုစုလှိုင်လဲ အရမ်းတုန်လှုပ်သွားကာ ပါးစပ်ကို လက်နဲ့အုပ်လိုက်လေသည်။

"နင့်မောင်ပါပျောက်နေပြီဆိုရင်သေချာတယ် သူတို့တူတူထွက်ပြေးသွားကြတာ တောက်!! တော်တော်ကျေးဇူးကန်းတဲ့သမီး "

"ငါမယုံနိုင်ဘူး တည်တံ့ကအခုလိုလုပ်မှာမဟုတ်လောက်ဘူး ငါ့မောင်က ငါစိတ်ညစ်အောင်မလုက်လောက်ပါဘူး ဟုတ်တယ်"

ဒေါ်စုစုလှိုင် ဗလုံးဗထွးတွေပြောကာ ပြန်ထွက်သွားလေသည်။

%%%%%%%%%%

"မေဇူး ထတော့လေ "

တည်တံ့ ရေမိုးချိုးအဝတ်လဲကာ ရေချိုးခန်းမှပြန်ထွက်လာစဥ် မေဇူးကတော့ စောင်ပုံထဲကမထွက်ပေ။

"ဟင့်အင်း မေဇူးထလို့မရဘူး "

"ဘာဖြစ်လို့လဲ "

"အဝတ်အပိုမှပါမလာတာ မေဇူးကဘယ်လိုရေချိုးမလဲ ဦးတည် သွားဝယ်ပေးပါလား Croptopလေးတွေ
မေဇူးမှာ အဝတ်တွေကော Underwearတွေကော  ဘာမှမပါဘူးလေ "

"အကျီဝယ်တာကပြသနာမရှိပါဘူး ဒါပေမယ့် Underwearက ဦးတည်သွားဝယ်လို့ ဘယ်လိုလုပ်ကောင်းမလဲ"

"ဘာလို့မကောင်းရမှာလဲ ခုခေတ်မှာ မိန်းမအတွက် ယောက်ျားတွေက Underwearတွေဝယ်ပေးနေကြတာဘဲလေ တချို့သမီးရည်းစားတွေဆို Suprise giftတွေတောင်ပေးကြတာဘဲ"

"ဟုတ်လား "

"ဟုတ်တယ် နောက်ပြီး မေဇူးတို့ကလင်မယားတွေဖြစ်နေပြီဘဲ ဘာရှက်ရမလဲ အကုန်အတွင်းသိအစင်းသိ မြင်ပြီးနေပြီဟာကို "

မေဇူးပြောတဲ့စကားတွေကြောင့် တည်တံ့ခမျာ ရယ်ရမလိုပြုံးရမလို ဖြစ်နေလေသည်။

မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed) Where stories live. Discover now