မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်
အပိုင်း ၁၇
"ကိုယ် မနက်ဖြန်ကျရင် မင်္ဂလာဆောင်သွားစရာရှိတယ် မေဇူးပါလိုက်ခဲ့"
"ဘယ်သူ့မင်္ဂလာလဲ ဦးတည်"
"အင်း ဆေးရုံက nurseတစ်ယောက်လေ ဒေါက်တာအမျိုးသမီးပါခေါ်ခဲ့ပါတဲ့"
"မေဇူးမလိုက်ချင်ပါဘူး"
"ဘာလို့လဲ လိုက်ခဲ့ပါ "
ခါးခါးသီးသီးငြင်းနေတဲ့သူမကို တည်တံ့ မနည်းနားချရင်း မင်္ဂလာပွဲသို့အပါခေါ်ခဲ့ရလေသည်။
"ဒေါက်တာတို့ပါလား ကြွပါရှင့်"
ပွဲထဲရောက်တာနဲ့ သတို့သမီးလေးက တရေးတယူကြိုဆိုလေသည်။
"ဒေါက်တာဇနီးကို အခုမှဘဲမြင်ဖူးတယ် ချစ်စရာလေးနော်"
"ကျေးဇူးပါရှင့် "
သူမကို ချီးမွန်းထောပနာပြုနေတဲ့သတို့သမီးကိုမေဇူး
ခေါင်းငြိမ့်ပြုံးပြလိုက်လေသည်။ဘာရယ်ကြောင့်မှန်းမသိ သတို့သမီးဝတ်စုံလေးနဲ့သူမကို ကြည့်ရင်း မေဇူးစိတ်ထဲဝမ်းနည်းသလိုကြီး ဖြစ်လာလေသည်။
သူလဲမိန်းကလေးတစ်ယောက်ဆိုတော့ ဘယ်လိုဘဲဖြစ်ဖြစ် အရမ်းမခမ်းနားရင်တောင်မှ မင်္ဂလာပွဲလေးတစ်ခုတော့လုပ်ချင်တာတော့အမှန်ပင်။
"လှလိုက်တာ "
အခုလောလောဆယ်တော့ အားကျရင်းပြုံးနေရုံကလွဲ၍ ဘာရှိအုန်းမလဲ။
"မေဇူး ဦးတည်တို့ကော မင်္ဂလာပွဲလုပ်ကြမလား"
သူမအတွေးတွေကို ရိပ်မိနေသလိုပုံစံနဲ့ လာမေးသူကြောင့် မေဇူး အနည်းငယ်လန့်သွားမိလေသည်။
"ဟင့်အင်း မလုပ်ချင်ပါဘူး ဦးတည်ကလဲ မေဇူး အဲ့လိုပွဲတွေလုပ်ရတာ သဘောမကျဘူး"
ပြုံးပြုံးလေးနဲ့ဘဲ မေဇူးညာလိုက်လေသည်။ ပွဲလုပ်မယ်ဆိုရင် ပိုက်ဆံကတော်တော်လေးကုန်ကျပေလိမ့်မည်။ ဦးတည်ကို ဒုက္ခတွေထပ်မပေးချင်ပါ။
ပွဲလုပ်ရသည်ဖြစ်စေ မလုပ်ရသည်ဖြစ်စေ ချစ်ရတဲ့ဒီလူကြီး သူ့ဘေးမှာရှိနေရုံတင်မေဇူးက တော်တော်လေးကို ပျော်ရွင်နေရလေသည်။
YOU ARE READING
မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed)
Romance10နှစ်ကျော်ကွာတဲ့ ဆရာနဲ့တပည့်လေး အချစ်ဇာတ်လမ်းလေးပါ