အပိုင်း ၂၀

3.9K 89 0
                                    

Updateလေးကြာသွားတာတောင်းပန်ပါတယ်ရှင့် နေမကောင်းလို့ပါ

အပိုင်း ၂၀

"မေဇူး ဒါက မွေးနေ့လက်ဆောင်"

တည်တံ့ မေဇူးလက်ထဲကို အိတ်လေးတစ်အိတ်ပေးလိုက်လေသည်။

"ဘာကြီးလဲ ဦးတည် "

မေဇူး ထမင်းစားလက်စဇွန်းကိုချကာ အိတ်ကိုယူလိုက်လေသည်။

"ဖွင့်ကြည့်လိုက်လေ "

"အမလေး ပဟေဠိကဖွက်နေသေးတယ် "

မေဇူး ထိုသို့ဆိုကာ တည်တံ့ပေးတဲ့အိတ်ကိုဖွင့်လိုက်တော့ အထဲမှာဘူးလေးတစ်ဘူးကို တွေ့ရလေသည်။

"ဘာဘူးကြီးတုန်း "

အထဲကမှာ ဆွဲကြိုးလေးတစ်ကုံးထွက်လာလေသည်။

"!!"

"ကြိုက်ရဲ့လား "

"ကြိုက်တာပေါ့ ဦးတည်ဝယ်ပေးတာဘဲ "

"ပေး ကိုဆွဲပေးမယ် "

တည်တံ့ မျက်နှာချင်းဆိုင်ထိုင်ရာကနေထသွားကာ သူမခုံနောက်ကနေရပ်ပြီး သူမလည်ပင်းမှာဆွဲကြိုးလေးဝတ်ပေးလိုက်လေသည်။

"ကျေးဇုးပါ ဦးတည်  ဒါနဲ့ မေဇူးမှာလဲ လက်ဆောင်ပေးစရာရှိတယ်"

"လက်ဆောင် ဘာလက်ဆောင်လဲ ကို့မွေးနေ့မှမဟုတ်တာ "

"လျှာရှည်လိုက်တာ ယူမှာလားမယူဘူးလား မယူရင်လဲမပေးတော့ဘူး "

"ဟိုးး စိတ်တော့မကောက်ပါနဲ့ဗျာ ယူမယ် ပေး"

မေဇူး လက်ကိုင်အိတ်ထဲက ဘူးလေးတစ်ဘူးထုတ်ပေးလေသည်။

"ဘာကြီးလဲ ပါကင်လဲပိတ်ထားသေးတယ်"

"ခွာကြည့်လိုက်လေ "

"ပေါက်ကရတွေထည့်ထားတာလား ကိုကမကြောက်တတ်ဘူးနော်"

"အဘိုးကြီးကတော့လေ ဖွင့်ပါဆို"

တည်တံ့ ပါကင်တွေကိုဖောက်လိုက်တော့ တခုခု
တွက်လာ​လေသည်။

"!!!!"

တည်တံ့ အရမ်းအံသြသွားသဖြင့် ပါးစပ်ကိုလက်နဲ့အုပ်လိုက်မိလေသည်။

"ဘာလဲ တကယ်ကြီးလား"

"ဦးတည်ကလဲ အဲ့မှာနှစ်လိုင်းပေါ်နေတယ်လေ မမြင်ဘူးလား "

မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed) Where stories live. Discover now