မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်
အပိုင်း ၇
ည၈နာရီကျော်ကာမှ
ဆေးရုံကပြန်လာတဲ့မောင်လုပ်သူကို ဒေါ်စုစုလှိုင်ပြောနေလေသည်။"ဟုတ်တယ် မမစု ဆေးရုံမှာအရေးပေါ်လူနာတစ်ယောက်ရောက်လာလို့ "
"သြော် ထမင်းကော စားပြီးပြီလား "
"မစားရသေးဘူး မမစု "
"အဲ့ဆိုတစ်ခါထဲစားရအောင်လေ လာ မမစုလဲမစားရသေးဘူး "
"ဟုတ်ကဲ့ "
မောင်နှမနှစ်ယောက် ထမင်းလက်စုံစားကြလေသည်။
"ဆိတ်ကလီစာ ထည့်စားလေ တည်တံ့ကြိုက်တယ်မလား "
"ဟုတ် "
"ဒါနဲ့ မမမေးစရာရှိတယ် တည်တံ့ "
"ဟုတ် မေးလေ ဘာများလဲ မမစု "
"အခရာနဲ့ဘယ်တော့လက်ထပ်မှာလဲ အချိန်မဆွဲနဲ့တော့နော် တည်တံ့က အခုဆိုဘဲ ၃၄နှစ်ဖြစ်နေပြီ "
"ကျတော် စဥ်းစားနေပါတယ် မမစု ကျတော်ကအခုဆေးရုံက အလုပ်ဝင်တာမကြာသေးတော့ လက်ထပ်လိုက်ရင် ကမောက်ကမဖြစ်မှာစိုးတယ် အဲ့ကြောင့် ဆေးရုံမှာအသားကျအောင်အရင်လုပ်မလို့ပါ "
ဆေးရုံအလုပ်ကိုအကြောင်းပြလိုက်ပေမယ့် တကယ်တမ်းကျတော့ တည်တံတွေဝေနေတာ မေဇူးကြောင့်ဆိုတာအမှန်။ ဒါကိုလဲ ဒေါ်စုစုလှိုင်က ရိပ်မိနေခဲ့ပါပြီ။
"သေချာရဲ့လား တည်တံ့ "
"ဘာကိုဆိုလိုတာလဲ မမစု "
"ဒီနေ့Martကိုသွားတော့ အမှတ်မထင်ဘဲ မူယာခင်ရဲ့သမီးကို တွေ့လိုက်တယ် ဧကန္တ တည်တံစိတ်ပြောင်းသွားတာ အဲ့ကလေးမကြောင့်တော့ မဟုတ်ဘူးမလား"
"မဟုတ်ပါဘူး ဒီကိစ္စက ဘာလို့မေဇူးနဲ့ဆိုင်ရမှာလဲ
ဒါကျတော့်ကိစ္စလေ ""မဆိုင်ဘူးဆိုလဲ ပြီးတာပါဘဲ တည်တံ့က အခုချိန်မှာ အခရာနဲ့စေ့စပ်ပြီးနေပြီ နောက်ပြီး
အကယ်၍များ အခရာနဲ့မစေ့စပ်ထားရင်တောင်
အဲ့ကလေးမနဲ့ဆို တည်တံ့ကို မမဘယ်တော့မှာသဘောတူမှာမဟုတ်ဘူး"
![](https://img.wattpad.com/cover/328244936-288-k10973.jpg)
VOUS LISEZ
မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed)
Roman d'amour10နှစ်ကျော်ကွာတဲ့ ဆရာနဲ့တပည့်လေး အချစ်ဇာတ်လမ်းလေးပါ