မိုးကောင်းကင်ကိုမိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်
အပိုင်း ၂၃
(တီ တီ တီ)
တည်တံ့ အဆက်မပြတ်မြည်နေတဲ့ဖုန်းကို Muteလုပ်လိုက်လေသည်။ဒါပေမယ့် ဆက်တိုက်ဆက်ခေါ်နေလေသည်။ နောက်ဆုံး Messageတွေပါဝင်လာတဲ့အဆုံး တည်တံ့ ဖုန်းပြန်ခေါ်လိုက်လေသည်။
"Hello ဘာလို့အဲ့လောက်တောင် နှောင့်ယှက်နေရတာလဲ ကျတော်မအားဘူး"
"တည်တံ့ ခနလေးပါ ဖုန်းမချလိုက်နဲ့အုန်းနော် အမပြောတာခနလောက်နားထောင်ပေးပါအုန်း "
"အဲ့ဆိုလဲ ပြောစရာရှိတာမြန်မြန်ပြောပါ"
"အမနဲ့ မဟုတ်ဘူး အမေနဲ့ လိုက်ခဲ့ပါနော် သားနော်"
သားဆိုတဲ့အသုံးနှုန်းကြောင့် တည်တံ့ စိတ်တွေတော်တော်ရှုပ်ထွေးသွားလေသည်။အမေတဲ့လား....
အမေတစ်ယောက်ရဲ့တောင်းဆိုချက်လို့ ပြောချင်နေပုံဘဲ"အမနေချင်တယ်ဆို ဒီမှာဘဲ တူတူနေလို့ရတာဘဲ"
"မင်းက ဟိုကောင်မကို မစွန့်ပစ်နိုင်ဘူးဆိုတဲ့သဘောလား "
"တော်လိုက်တော့ဗျာ...."
ဒေါ်စုစုလှိုင်ရဲ့ မေဇူးပေါ်သုံးနှုန်းတဲ့အသုံးကြောင့် တည်တံ့ ဒေါသထွက်သွားလေသည်။
"မေဇူးကိုသဘောမကျမှန်းသိပေမယ့် အခုချိန်မှာ ကျတော့်ဇနီးလေ ကျတော့်ရင်သွေးကိုလွယ်ထားရတဲ့သူ
ကျတော် သူ့ကိုထားခဲ့ပြီး ဘယ်မှသွားမှာမဟုတ်ဘူး"တည်တံ့ ထိုသို့ယတိပြတ်ပြောကာ ဖုန်းချလိုက်လေသည်။
မေဇူးကို ထားရစ်ခဲ့ဖို့ဘဲ တွေးနေတာကို တည်တံ့ တော်တော်လေးစိတ်တိုလေသည်။ အခုချိန်ထိ
သူ့အတ္တကိုမလျော့နိုင်သေးတာ အံသြစရာပါဘဲ။"ဒေါက်တာ ခွဲခန်းဝင်ဖို့အသင့်ဖြစ်ပါပြီရှင့် "
Nurseရဲ့စကားကြောင့် တည်တံ့ အတွေးပေါင်းစုံကိုရပ်တန့်ကာ ခွဲခန်းဝင်ဖို့ထလိုက်လေသည်။
"ဆရာမ သွားနှင့်နော် ကျတော်လာခဲ့မယ် မေ့ဆေးဆရာဝန်ရောက်ပြီလား"
![](https://img.wattpad.com/cover/328244936-288-k10973.jpg)
YOU ARE READING
မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed)
Romance10နှစ်ကျော်ကွာတဲ့ ဆရာနဲ့တပည့်လေး အချစ်ဇာတ်လမ်းလေးပါ