အပိုင်း ၂၄

3.8K 89 14
                                    


မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်

အပိုင်း ၂၄

"အန်တီမူယာ "

"ဟယ် ခွာညိုပါလား သမီးလာလေ "

ခွာညို ဒေါ်မူယာခင်ရှိရာဧည့်ခန်းသို့ ဝင်ထိုင်လိုက်လေသည်။

"ဘာကိစ္စရှိလို့လဲ သမီး"

"ဒီနေ့ အိမ်မှာထမနဲထိုးတာ အဲ့တာ အန်တီမူယာတို့ဖို့လာပို့တာ "

ခွာညို ထမနဲဘူးအားစားပွဲပေါ်ချလိုက်လေသည်။

"အော် ကျေးဇူးပါဘဲ သမီးရယ် "

"အန်တီမူယာ နေကောင်းတယ်နော်"

"ကောင်းပါတယ် သမီးရယ် ဒီလိုဘဲပုံမှန်ဆေးတော့သောက်ရတာပေါ့ သမီးမာမီနဲ့ဒယ်ဒီကော နေကောင်းကြလား အန်တီလဲ သမီးမာမီနဲ့မတွေ့ဖြစ်တာတော်တော်ကြာပြီ "

"ဟုတ်ကဲ့ မာမီတို့နေကောင်းပါတယ် အန်တီ ဟိုတလောကတော့ မာမီသွေးတိုးပြီးဆေးရုံတက်လိုက်ရသေးတယ်"

"ဟယ် ဘယ်လိုဖြစ်ရတာလဲ  အခုကောဘယ်လိုနေသေးလဲ သက်သာရဲ့လား"

"အခုတော့သက်သာပါတယ် အန်တီရယ် ဒါပေမယ့်အစားရှောင်ဖို့ကို တော်တော်လေးပြောရတယ် တခါတခါ စိတ်တောင်ညစ်တယ် မတည့်ဘူးဆိုတာမှရွေးစားတာ"

ခွာညို့စကားကြောင့် ဒေါ်မူယာခင် ပြုံးလိုက်မိသည်

"ဒါနဲ့ မေဇူးနဲ့တွေ့ဖြစ်သေးလား သမီး "

"တွေ့ဖြစ်တယ် အန်တီ "

"ဟိုတနေ့က ဆေးရုံမှာ အန်တီ သူ့ကိုလှမ်းမြင်လိုက်တယ် ကိုယ်ဝန်လာပြတယ်ထင်တယ် တည်တံ့နဲ့အတူတူ "

"ဟုတ်တယ် အန်တီ သူကနောက်လထဲမွေးမှာတဲ့ အန်တီမူယာ သူ့ကိုစိတ်နာနေတုန်းဘဲလားဟင်"

ခွာညို့စကားကြောင့် ဒေါ်မူယာခင် မျက်ရည်တွေဝဲရင်း ပြုံးလိုက်မိသည်

"သားသမီးကိုစိတ်နာတယ်ဆိုတာ မိဘတိုင်းမှာမရှိပါဘူးသမီးရယ် သူ့ကိုခနတာစိတ်တိုနေရုံပါဘဲ ကိုယ်မွေးးထားတဲ့သားသမီးက ကိုယ့်စကားကိုနားမထောင်တာစိတ်တိုရုံပါဘဲ စိတ်မနာပါဘူးကွယ်"

မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed) Onde histórias criam vida. Descubra agora