မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်
အပိုင်း ၁၁
အခရာပြောခဲ့တဲ့စကားတွေကြောင့် တည်တံ့မှာ တော်တော်လေးအကျပ်တွေ့နေလေသည်။ မေဇူးကိုရွေးမယ်ဆိုရင် သူပျော်ရွင်ရမယ်ဆိုမယ်ပေမယ့် အခရာက ဘာမဆိုလုပ်မယ့်လူစားဆိုတော့ မေဇူးထိခိုက်မှာစိုးရိမ်လေသည်။ အခရာကလဲ အခရာဆိုပေမယ့် သူ့အမကပါပိုဆိုးလိမ့်မည်။
အခရာနဲ့လက်ထပ်မယ်ဆိုလဲ မေဇူးကစိတ်ဒဏ်ရာရမှာစိုးရိမ်နေလေသည်။ ဆုပ်လည်းစူး စားလည်းရူးမယ့်အခြေနေဖြစ်နေလေသည်။အတွေးပေါင်းစုံနဲ့ ရှုပ်ယှက်ခတ်နေစဥ် မေဇူးဆိမှ ဖုန်းဝင်လာလေသည်။
"hello "
"ဦးတည် "
"အင်း မေဇူး ပြော"
"ဦးတည်နေမကောင်းဘူးလား အသံကဘယ်လိုဖြစ်နေတာလဲဟင်"
"ဘာမှမဖြစ်ဘူး မေဇူးဖုန်းဆက်တာဘာဖြစ်လို့လဲ ဘာကိစ္စရှိလို့လဲ "
"ကိုယ့်ရည်းစားဆီဖုန်းဆက်တာကိစ္စရှိမှဆက်ရမှာလား ဦးတည်ကလဲ "
"မဟုတ်ပါဘူးကွာ "
"အဲ့ကွာဆိုတာကြီးကကောဘာလဲ စိတ်တိုနေတဲ့လေသံလား "
စကားတိုင်းကို အထအနလိုက်ကောက်ကာ
မျိုးစုံရစ်နေသောချစ်သူကြောင့် တည်တံ့ရယ်ရခက် ငိုရခက်ဖြစ်နေလေသည်။"စိတ်မဆိုးပါနဲ့ ဦးတည်က ဆေးရုံကိစ္စတွေနဲ့ စိတ်ရှုပ်နေလို့ပါ အဲ့ကြောင့် စကားပြောမှားသွားတာ နော် စိတ်မဆိုးပါနဲ့ "
"အင်းပါ ထားပါတော့ မေဇူးကိုစိတ်ဆိုးပြေစေချင်ရင် ဘေဘီလို့ခေါ်"
"အာ မကောင်းပါဘုး "
"ဘာမကောင်းတာလဲ ဦးတည်ကလဲ ခေါ်ပါဆို မခေါ်ရင်ငိုမှာနော်"
"ဟုတ်ပါပြီ ဘေဘီ "
"Hello ဘာပြောတာလဲ မကြားရဘူး "
"ဘေဘီ ဘေဘီ "
"ဘေဘီနားထောင်နေတယ် ဦးတည်"
သူမရဲ့အသံချိုချိုလေးကြောင့် တည်တံ့မှာ ရင်တွေတလှပ်လှပ်ဖြစ်နေလေသည်။
![](https://img.wattpad.com/cover/328244936-288-k10973.jpg)
STAI LEGGENDO
မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed)
Storie d'amore10နှစ်ကျော်ကွာတဲ့ ဆရာနဲ့တပည့်လေး အချစ်ဇာတ်လမ်းလေးပါ