Chapter -1

4.1K 127 1
                                        

ငါ့ရဲ့ ဒီနေ့ကလည်း ငါ့ရဲ့ မနေ့တုန်းကလိုဘဲ...

ငြီးငွေ့ဖို့ကောင်းတဲ့ စိုထိုင်းထိုင်း နံရံတွေ ကြားထဲကနေ အိမ်ပြန်လမ်းကျဥ်းလေးကို သက်ပြင်း အထွေထွေချလျှက် လျှောက်လှမ်းနေခဲ့မိတယ်။အိမ်ပြန်ရောက်လို့ တံခါးကို ဆွဲဖွင့်လိုက်တာနဲ့ မျက်နှာချင်းဆိုင် ဧည့်ခန်းမှာ အိုဟောင်းပြီး တဂျစ်ဂျစ် အသံတွေတောင် တစ်ချက်တစ်ချက် ထွက်နေပြီဖြစ်တဲ့ TVအိုလေးကို ဖွင့်ကာ တမေ့တမြော ထိုင်ကြည့်နေခဲ့တဲ့ အဘွားကို တန်းမြင်လိုက်ရတယ်။

''လေဒီ Asanteရေ...ဒီမှာ ကျွန်တော်မျိုး ပြန်ရောက်ပါပြီခင်မျ...''

TV ဖန်သားပြင်ပေါ်မှာ Disney မင်းသမီးလေးတစ်ပါး ကခုန်နေတယ်။အဘွားက လှမ်းပြီး နှုတ်ဆက်လိုက်တဲ့ ငါ့ကို တစ်ချက်တော့ လည်ပြန်လှည့်ကြည့်လာခဲ့တယ်။ဒါပေမဲ့ ဖျတ်ခနဲပါဘဲ။သူမရဲ့အကြည့်က ချက်ချင်းလက်ငင်း TVဖန်သားပြင်ထံကိုသာ တစ်ဖန်ပြန်လည်ကာ ရောက်ရှိသွားခဲ့တယ်။

ဒီနေ့ အဘွားကြည့်နေတာက The Little Mermaid ဆိုတဲ့ Disney animation ပေ့ါ။ရေသူမလေးက ကုန်းပေါ်တက်လာပြီး သူမချစ်ရတဲ့ မင်းသားလေးကို စိတ်အားထက်သန်စွာနဲ့ ရှာဖွေနေခဲ့တယ်။

အရင်ဆုံး ကျောပိုးလွယ်အိတ်ကို အခန်းထဲ ဝင်ထားလိုက်တယ်။ပြီးတော့မှ မီးဖိုးခန်းထဲ ဝင်သွားလိုက်တယ်။ထမင်းနဲ့ဟင်းကို အမြန်ဆုံး ချက်ပြုတ်တယ်။တစ်အောင့်ကြာတော့ ညစာကျက်သွားတာမို့ ဧည့်ခန်းထဲကို ဝင်လာခဲ့ပြီး TVအရှေ့က အဘွားကို ချော့မြှူကာဘဲ ထမင်းခွံ့ကျွေးဖို့ လုပ်လိုက်တယ်။

TV ဖန်သားပြင်ပေါ်မှာ လှုပ်ရှားနေခဲ့တဲ့ ကာတွန်းဇာတ်ကောင်တွေကိုသာ မလွတ်တမ်း လိုက်ကြည့်ကာ ခံစားချက်အတက်အကျ လျှင်မြန်စွာ ဖြစ်ပေါ်နေတဲ့ ငါ့အဘွားက ငါကျွေးတဲ့ ထမင်းဇွန်းတွေကိုတော့ ညည်းညူပြီး ရှောင်ရှားတက်ပါတယ်။ဒါမှမဟုတ်လည်း ခံတွင်းထဲက ထမင်းကို ခပ်ဖြည်းဖြည်းဘဲ မြုံဝါးနေပြန်တယ်။သူမကို ထမင်းကျွေးပြီးဖို့ဆိုတာက အမြဲတမ်း အချိန်ယူရတဲ့ လုပ်ငန်းတစ်ခုပါဘဲ။

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Место, где живут истории. Откройте их для себя