Chapter -8

429 39 1
                                        

"ငါက သူတို့နဲ့ အရောင်မတူတဲ့ ဘဲနက်လေးတစ်ကောင် ဖြစ်ခဲ့ရုံပါ..."

အချိန်တွေ ကုန်တာ သိပ်မြန်တယ်။မျက်စိအရှေ့မှာတင် နေအဝင်နဲ့ နေအထွက်က ပုံမှန် အသိစိတ်ရှိတုန်းက အဘွားထိုးတဲ့ ချည်တစ်လုံးစာလောက်ဘဲ ကြာတော့တယ်လို့ ခံစားရတယ်။အခုဆို ငါ စာမေးပွဲ ဖြေဆိုဖို့တောင် တစ်ပါတ်ဘဲ လိုတော့တယ်။

အတန်းခေါင်းဆောင်ကနေ အတန်းချိန်အမှန်ဆုံး ကျောင်းသား ဒါမှမဟုတ် ကျောင်းသူတစ်ယောက်ရဲ့ ဘာသာရပ်ပြ စာအုပ်တွေကို ငှားရမ်းနေတယ်။တစ်တန်းလုံးစာ copyဆွဲပြီးတဲ့အခါအကုန်လုံးကို လိုက်ဝေပေးပါတယ်။ဒီနေ့ အတန်းဝင်တဲ့ ဆရာ ဆရာမတိုင်းကလည်း ''ဘာလိုလိုနဲ့ မင်းတို့ရဲ့ ကိုယ်ပိုင် စာကြည့်ချိန်တောင် ရောက်လာခဲ့ပြီ...အားလုံးဘဲ စာမေးပွဲမှာ ကံကောင်းကြပါစေ”ဆိုပြီး နှုတ်ဆက်သွားကြတယ်။

ကျောင်းမမှန်တဲ့ ကျောင်းသားတစ်ဦးသာ ဖြစ်ခဲ့တယ်။ဒါပေမဲ့ ဆရာတွေရဲ့ နှုတ်ဆက်တာကို ခံလိုက်ရတဲ့ ဒီအခိုက်အတန့်နဲ့ ခံစားချက်ဟာ တစ်ခြားသောကျောင်းသား ကျောင်းသူတွေနဲ့ အတူတူပါဘဲ။ကြည်နူးမိသလိုလိုနဲ့ တကယ်တမ်းက ဝမ်းနည်းဖို့ကောင်းတဲ့ ခံစားချက်ဘဲလေ။

ဆရာတွေ ထွက်သွားလိုက်တာနဲ့ စာသင်ခန်းဟာ ရုတ်တရက် အသံဗုံးတစ်လုံးပေါက်ကွဲလိုက်သလို။ကျောင်းသား ကျောင်းသူတွေရဲ့ စာသင်ခုံတွေကို တီးခေါက်သံ၊ ဝူးဝူးဝါးဝါး အော်ကြသူ ဟစ်ကြသူတွေနဲ့ စကားပြောသံတွေပါ လက်ရှိ စာသင်ခန်းရဲ့အမိုးတောင် ပွင့်ထွက်လုလု ဟုန်းဟုန်းတောက်ဘဲ ထွက်ပေါ်လာခဲ့တယ်။

စာမေးပွဲ နောက်ဆုံးဘာသာ ဖြေပြီးတဲ့ နေ့ကျရင် ညခင်းဘက် နှုတ်ဆက်ပါတီ လုပ်ဖို့ဆိုပြီး တစ်ချို့က လူစုနေကြတယ်။အနာဂတ်မှာ လုပ်ငန်းခွင် အတူတူဝင်ကြဖို့တောင် တိုင်ပင်နေကြတယ်။အဆက်အသွယ် မပျက်ဖို့ဆိုပြီးလည်း အချင်းချင်း ဖုန်းနံပါတ် လဲနေကြတဲ့ သူတွေရှိတယ်။သူတို့က လူငယ်ဘဝကို ထာဝရ နှုတ်ဆက်လိုက်ကြပြီး အနာဂတ်မှာ လူကြီး လုပ်ကြဖို့ကို မှန်းတစ်ဆဆနဲ့ စားမြုံ့ပြန် ပြောနေကြတာဘဲ။သိပ်ကို ရင်ခုန်တယ်၊ ပျော်ရွှင်ကြပါသတဲ့။

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Место, где живут истории. Откройте их для себя