Ending chapter

1.1K 50 14
                                        

အဖိုးတန်တဲ့ အရာရာကိုလိုအပ်ဘဲ မင်းကြောင့် အဖိုးတန်သွားမယ် တစ်စုံတစ်ခုကိုသာ သက်ဆုံးတိုင် မြတ်နိုးသွားယ့်သူ ဖြစ်ခဲ့တယ်

လက်က နာရီကို ကြည့်မိတယ်။1 နာရီ မက်တင်းကို ညွှန်ပြမလို့ဘဲ ရှိသေးတယ်။

ဆိုးရွားတဲ့ အတွေးတွေကြောင့် အိပ်မပျော်နိုင် ဖြစ်ရတဲ့ ည...
အိမ်မက်ဆိုးတွေ မက်တဲ့ ကယောက်ကယက် ည...
အဲဒီလို ညတွေ ညတွေက တကယ်ကို ရှည်ကြာတက်တယ်မလား။

သက်ပြင်းတစ်ချက် ဆွဲချကာဘဲ ရေချိုးခန်းထဲကို ဝင်သွားလိုက်တယ်။မိုးအေးတဲ့ ညကြီးမှာ ရေအေးတွေနဲ့ ကိုယ့်ကိုကိုယ် သန့်ရှင်းရေး လုပ်နေရတယ်။ငါတော့ တကယ်ကို ဒုက္ခရောက်နေတာဘဲ။

အိပ်ခန်းထဲကို ပြန်ဝင်လာတယ်။ကုတင်နေရာကို ကြည့်မိတော့ မကောင်းဆိုးဝါး တစ်ကောင်ကို မြင်နေရသလိုဘဲ ရွံရှာစိတ် ဝင်မိတယ်။အဘွားခန်းမှာ အဘွားနဲ့အတူ သွားအိပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။တံခါးကို ညင်ညင်သာသာ ပိတ်ကာဘဲ ထွက်လာခဲ့တယ်။

အဘွားအခန်းကို ရောက်လို့ သက်သောင့်သက်သာ အိပ်စက်နေတဲ့ အဘွားရဲ့ပုံစံကို မြင်လိုက်ရတဲ့အခါ ဦးနှောက်ထဲမှာ မစင်ကြယ်တဲ့ အတွေးမှန်သမျှက အတိ ကင်းရှင်းသွားတယ်။ပြုံးရေးလိုက်မိသေးတယ်။အရင်ဆုံး အဘွားနှဖူးကို အနမ်းခပ်ဖွဖွ ပေးလိုက်တယ်။ပြီးတော့မှ လွတ်နေတဲ့ ကုတင်တစ်ဘက်ခြမ်းပေါ်ကို အညင်းအသာ တွားသွား တက်သွားလိုက်ပြီး အဘွားနံဘေးမှာ ဝင်ကွေးလိုက်တယ်။

ဒီလောကမှာ အဘွားရဲ့ ကိုယ်သင်းရနံ့လောက် ငါ့စိတ်ကို သက်သောင့်သက်သာ ဖြစ်စေနိုင်တာမျိုး တကယ် နောက်ထပ် ထပ်မရှိတော့ပါဘူး။အဘွားက ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။အသိဝင်လာသလိုဘဲ ငါ့ကို သူမရင်ခွင်ထဲမှာ ခိုနားစေခဲ့တယ်။နှုတ်ကနေလည်း ဆိုလာတယ်။

''အိုး အဘွားရဲ့ သနားစရာကောင်းတဲ့ မြေးလေး...အိမ်မက်ဆိုးတွေများ မက်လို့လားကွယ်...''

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Where stories live. Discover now