Chapter -10

396 34 1
                                        

Gunes Lucindaဆိုတဲ့ စာအုပ်ကို ပြန်ဖွင့်ဖတ်မိတယ်...

''Hi...ကျွန်တော်ပါ''

''အိုး..."

"Zahra ဟမ်း...ဘယ်လိုလုပ်ပြီး မင်းဖြစ်နေတာလဲ...အပြင်မှာ မိုးတွေ အရမ်းရွာနေတယ်။ကိုယ့်ကို ပြောပါဦး...မင်းအခု အိမ်ပြန်ရောက်နေပြီလားဆိုတာပေါ့...''

ငါ့နာမည်ကို ခေါ်လိုက်ပြီးနောက် ကျန်တဲ့ စကားတွေကို ဆက်ပြောနိုင်ဖို့ရာဘဲ သက်ပြင်းတစ်ချက် ဆွဲချလိုက်သေးတာကို ကြားလိုက်ရတယ်။အဲ့ဒီ သက်ပြင်းသံက သိပ်ကို တုန်ယင်နေပြီး ငါ့စိတ်ထဲမှာတော့ တစ်ခုခု မူမမှန်နေသလိုပါဘဲ။ရင်ခုန်သံတွေဟာလည်း ငြိမ်သက်နေတဲ့ ကန်ရေပြင်ထဲ ရည်ရွယ်ချက်ရှိရှိဘဲ ခဲလုံးပစ်လိုက်သလို ဂနာမငြိမ်နိုင်တော့။

''အင်း...ကျွန်တော် ပြန်ရောက်တာ စောပါတယ်''

''ကောင်းပြီ...ဒါဆို နွေးနွေးထွေးထွေးနေပါ''

''ဟို Mr...Mr Lucinda!...''

ပြီးတော့ ဖြည်းဖြည်းချင်းလေး ဂရုတစိုက်နဲ့ ဆက်ပြောမိတယ်။

''ခင်ဗျားအသံက ကျွန်တော့်နားထဲမှာ တကယ် တစ်မျိုးဘဲ...''

''ဘာလဲ...ကိုယ့်ကို ပြောစရာတစ်ခုခု ရှိနေတာလား?''

''ကျွန်တော့်ကို ပြောပါဦး...ခင်ဗျား တိုက်ခန်းထဲမှာ တစ်ယောက်ယောက် ရှိနေတာလားဆိုတာပေါ့"

''ဆိုတော့...မင်းမြင်လိုက်တာဘဲ''

''သူက ဘယ်သူလဲ?''

''အထူးတလည် မိတ်ဆက်ပေးဖို့အထိ မလိုအပ်တဲ့ သူ။သူကဒီအတိုင်း...အသိမိတ်ဆွေတစ်ယောက်ပါဘဲ...''

''ခင်ဗျားတစ်ခါက ပြောပြခဲ့ဖူးတဲ့ ခင်ဗျားကို လိုက်နှောက်ယှက်နေတယ်ဆိုတဲ့ အဲ့ဒီသူငယ်ချင်းဆိုတာများလား?''

ခေတ္တမျှ ငြိမ်သက်‌နေပြီးမှ ပြန်ဖြေပေးလာခဲ့တယ်။

''အင်း ဆိုပါတော့...''

''ပြောပါဦး...ခင်ဗျား အခု ကျွန်တော့်ရဲ့ အကူအညီကို လိုအပ်နေလား။မဟုတ်ဘူး...လိုအပ်နေမယ်လို့ ကျွန်တော်ထင်တယ်"

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Where stories live. Discover now