Chapter -3

715 66 0
                                        

ငါတို့နှစ်ယောက်လုံး ထူးဆန်းနေကြတယ်...

ဆင်ခြေဖုံး ရပ်ကွက်တစ်ခု။ကျဥ်းမြောင်းတဲ့ လူသွားလမ်းလေးတွေဘဲ ရှိနေတာကြောင့် ကားကိုတော့ လမ်းထိပ်မှာဘဲ ရပ်ထားခဲ့ရတယ်။ရေညှိအလိပ်လိပ်တက်နေတဲ့ အဆောက်အဦး နံရံတွေ ကြားထဲကနေ ဖြတ်သန်းလာခဲ့ကြတယ်။ဒါကြောင့် မိုးစဲသွားခဲ့တာတောင် တစ်ဖတ်တစ်ချပ် တံစက်မြိတ်တွေဆီကနေ တဖြောက်ဖြောက် ကျဆင်းတဲ့ မိုးရေစက်တွေနဲ့ လမ်းက စိုထိုင်းပြီး ပတ်ဝန်းကျင်က အေးစက်မှောင်မဲနေခဲ့တယ်။

Mr Lucindaက ငါ့အဘွားကို ကျောပိုးသယ်ထားတယ်။ငါကိုတော့ လမ်းပြကောင်လေးဘဲ သူကလုပ်စေချင်ခဲ့တယ်။ဒါက သိပ်ကို အားနာဖို့ကောင်းတဲ့ အပြုအမူဆိုတာကို သိပေမဲ့ ငါတို့ရဲ့ အိမ်အပြန်လမ်းက တကယ်ဘဲ ရှည်လျှားလွန်းတယ်။ငါ့ရဲ့ ခြေတံတိုတိုလေးတွေက များပြားလှတဲ့ ချိုင့်ခွက်နဲ့ ရေအိုင်ငယ်တွေကို ကျော်လိုက်ခွလိုက် လုပ်ပြီး အဘွားကို တစ်လျှောက်လုံး သယ်ပိုးနိုင်ဖို့ရာဆိုတာက မဖြစ်နိုင်ဘူးတဲ့လေ။သူက ငြင်းဆန်ရခတ်အောင် စကားအပြော ကောင်းတဲ့သူပါ။ဒါကြောင့်ပေါ့။"ကျေးဇူးတင်ပါတယ်” တစ်ခွန်းဘဲ ထပ်ပြောဖြစ်လိုက်တော့တယ်။မျက်နှာပြောင်စွာနဲ့ သူ့အကူအညီကို နောက်တစ်ကြိမ် ထပ်ယူလိုက်တာဆိုရင် ပိုမှန်ပါတယ်။

နောက်ဆုံးတော့ ငါတို့နေတဲ့အိမ်ကို ရောက်လာခဲ့ကြတယ်။''ဝက်နှာခေါင်းပေါက်လောက်ဘဲ ကျယ်တယ်”ဆိုတဲ့ ငါရဲ့ အဲ့ဒီခိုင်းနှိုင်းထားမှုက နည်းနည်းမှတောင် ချဲ့ကာထားတဲ့ စကားမျိုး မဟုတ်ခဲ့ဘူးဆိုတာကို Mr Lucinda သေချာပေါက် လက်ခံသွားလိမ့်မယ်လို့ ငါထင်တယ်။ဘာဖြစ်လို့လဲဆိုရင် အဝင်တံခါးကို ဖြတ်ပြီး အိမ်ထဲကို ဝင်ရောက်ရတာတောင်မှ Mr Lucindaက သူ့ရဲ့ ခါးကို 75 ဒီဂရီလောက်အထိ ကိုင်းချလိုက်ရတာကြောင့်လေ။

ဦးစွာ အဘွားကို သူမအခန်းထဲ ဝင်ပို့ကြတယ်။ကုတင်ပေါ်ကို အညင်တသာ တင်လိုက်တော့ အဘွားက သက်သောင့်သက်သာ ဖြစ်သွားတဲ့ ပုံစံနဲ့ ခပ်ပါးပါး ပြုံးရယ်လိုက်တာကိုတောင် မြင်လိုက်ရသလိုဘဲ။ကုတင်ပေါ်မှာဘဲ ဘေးတစောင်း ဝင်ထိုင်လိုက်တယ်။ခြေရင်းက စောင်အထူကို ဆွဲယူတယ်။သူမရဲ့ခန္ဓာကိုယ် ပေါ်မှာ နွေးထွေးသွားအောင် ခြုံလွှားပေးနေရင်းနဲ့ ပြောလိုက်တယ်။

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Donde viven las historias. Descúbrelo ahora