Chapter -12

375 40 1
                                        

ဒီလောကမှာ ကိုယ့်အပေါ် ကောင်းပေးတဲ့လူကိုပိုင်ဆိုင်ချင်ဘဲ အလှကြည့်နေချင်ကြတဲ့ လူမျိုးဆိုတာ တကယ်ရှိပါဘူး...

မထင်မှတ်ထားဘဲ သူ့စကားက အရှိုက်ကို တည့်တည့် လာထိခဲ့တယ်။မျက်ဝန်းအိမ်ထဲက တစ်မဟုတ်ချင်း ပြည့်တက်လာတဲ့ မျက်ရည်စတွေနဲ့အတူ သူ့ခမျာ သူစိမ်းကျောင်းသားကို ခပ်မော့မော့ ကြည့်ကာဘဲ ပေါက်ကွဲမိခဲ့တယ်။

''ငါက ရောဂါပိုးမွှားလို အကောင်ဘဲ ဟုတ်တယ်မလား...သိပ်ကို ပျော့ညံ့လွန်းလို့ မင်းတို့ပုံမှန်လူတွေ နေထိုင်ကြတဲ့ ဒီကမ္ဘာထဲမှာ နေဖို့ တကယ်မထိုက်တန်တဲ့ အကောင်ဘဲ။ငါလည်း ဒီကမ္ဘာကြီးကို သန့်ရှင်းသွားအောင် လုပ်ပေးဖို့ဆိုပြီး ကိုယ့်ကိုကိုယ် အပြီးတိုင် ပျောက်ကွယ်သွားဖို့ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ဒါပေမဲ့ ဘာတက်နိုင်မှာလဲ။အခေါက်တိုင်း မအောင်မြင်ခဲ့ဘူးလေ...လောကကြီးက ငါ့ကိုမသေစေချင်ခဲ့ဘူးလားဆိုတဲ့ စိတ်နဲ့ မိသားစုကို ဖွင့်ပြောပြပြီး လက်ခံနိုင်ရင် အသက်ရှင်လိုက်မယ်ဆိုပြီး ကြိုးစားကြည့်ခဲ့ရုံဘဲ။အဆုံးသက်ကျတော့ ဒီနေ့လိုမျိုး အရှက်ကွဲခဲ့ရတယ်။အစကတည်းက အသက်ရှင်ခိုင်းဖို့ ဆန္ဒမရှိဘူးဆိုရင် ဘာလို့ ငါ့ကို ပေးမသေခဲ့ရတာလဲ။ငါ တကယ်ဘဲ...တကယ်ဘဲ ဘယ်လို ထပ်လုပ်ပေးရဦးမလဲ မင်းပြောပါဦး။ပြောလေ !...''

သူခံစားခဲ့ရတာတွေနဲ့ သူနဲ့ တကယ်ကို ဘာမှမသက်ဆိုင်ဘူး။သူ ဒါကိုလည်း ကောင်းကောင်း သိခဲ့တယ်။ဒါပေမဲ့ ဒီအတိုင်းပါဘဲ။ကမူးရှုထိုး ပေါက်ကွဲလိုက်မိတယ်။ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျနေတာ မရပ်တော့ဘူး။

စောစောက အခိုက်အတန့်မှာများ သူ ဒီစကားတွေကို ဖခင်အား ပြောပြဖြစ်ခဲ့ရင် ဖခင်ကရော gay ဖြစ်နေခဲ့လို့ သူ့ကိုခွင့်လွှတ်ပေးပြီး နှစ်သိမ့်ပေးတဲ့အနေနဲ့ပါ ထွေးပွေ့ထားပေးလောက်လေမလား။ဟင့်အင်း...အဲ့ဒါက လုံးဝ မဖြစ်နိုင်ပါဘူး။ဒီ‌လောကမှာ သူ့ဖခင်စိတ်ကို သူကသာ အသိအဆုံးဘဲ။ ''သွားသေလိုက်”ဆိုတဲ့ စကားသုံးလုံးနဲ့ သူ့နှလုံးသားကို ဒဏ်ရာ ထပ်မရစေလျှင်တောင် သူ ကံကောင်းနေတယ်လို့ ဆိုရလိမ့်မယ်။

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Место, где живут истории. Откройте их для себя