မချစ်ပေးအားတော့လို့ စွန့်ပစ်ခံရတဲ့ ခွေးလေးက သခင်ကို ချစ်တာမို့ ဒါကို နာခံဖို့ လုပ်ခဲ့တယ်...
ဥပမာ အခု သူလိုမျိုးပေါ့...
သူလှဲအိပ်နေခဲ့တဲ့ ကုတင်ရဲ့ ဘေးဘက်က ကုတင်တစ်လုံး တစ်ကျွီကျွီ မြည်ပြီး လှုပ်ယမ်းခဲ့တဲ့ တစ်ညတာ...
သူ့ရဲ့ တစ်ဖတ်သက် ချစ်မြတ်နိုးရသူက ရည်းစားအမည်ခံ ကောင်မလေးရဲ့ ကိုယ်ပေါ်ကို အုပ်မိုးထားပြီး ဆက်တိုက်ဆောင့်သွင်းချက်တွေနဲ့ အချစ်ညလေးတစ်ညကို ရူးရူးမူးမူး ဖြတ်သန်းနေခဲ့တဲ့ အဲ့ဒီလို တစ်ညပြီး တစ်ည...
ခပ်ချွဲချွဲ အသံတွေ ထွက်ပေါ်လာတဲ့အထိ နှခမ်းချင်း ဂဟေဆက်နေကြတဲ့အချိန်မှာ အမှောင်ထုအတိ ဝါးမြိုထားတဲ့ အဆောင်ခန်းလေးထဲ သူတို့အသက်ရှုသံတွေသာလျှင် ပြင်းပြင်းရှရှ ထွက်ပေါ်နေခဲ့တယ်။အသားချင်း တစ်ဖတ်ဖတ် ရိုက်ခတ်သံတွေ အပါအဝင်ပါဘဲ။
ရှင်းပြလို့တောင် မတက်တော့အောင် ကြေကွဲနေခဲ့မိတဲ့ ခံစားချက်မျိုးနဲ့ အဲ့ဒီအခိုက်အတန့်မှာ သူသိတဲ့ တစ်ခုတည်းသော ခံစားချက်ဆိုလို့ နှလုံးသားက တစ်ဆစ်ဆစ် နာကျင်နေတယ်ဆိုတာပါဘဲ။အဆိုးရွားဆုံးကတော့ သူကိုယ်တိုင်ကရော မသိစိတ်ကများ အဲ့ဒီအသံတွေအပေါ်မှာ သာယာမိသွားပါသလား။သူ့အောက်ပိုင်းက မခံမရပ်နိုင်လောက်အောင်ကို ကျင်ခဲကာ မာလာနေတယ်။
အိပ်ချင်ယောင်ဆောင်နေခဲ့တာတောင် မှိတ်ထားတဲ့ မျက်ဝန်းထောင့်တွေကနေ မျက်ရည်ပူတွေ အသွင်သွင် စီးကျနေခဲ့တယ်။အဲ့ဒီတုန်းကရော အခုရော အတော်ကို သနားစရာကောင်းလွန်းခဲ့တယ်။ငယ်ရွယ်တဲ့ Simon တစ်ယောက် အဲ့ဒီလို ညပေါင်းများစွာကို ဘယ်လိုနှလုံးသားနဲ့များ ဖြတ်သန်းခဲ့ရရှာမလဲ ပြန်တွေးမိပါတယ်။
တကယ်ကို ဝဋ်ကြွေးတစ်ခုဘဲပေါ့။လူတစ်ယောက်ကို တစ်ဖတ်သက် ချစ်ဖို့ စတင်လိုက်ကတည်းက မင်းက အဲ့ဒီဝဋ်ကြွေးကို ခံယူဖို့ စတင်လိုက်တာဘဲ။
ESTÁS LEYENDO
မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)