Chapter -14

361 38 0
                                        

မင်းယုံနိုင်လား...ငါက မင်းကို ချစ်ဖို့ မင်းငါ့အနားမှာမြဲရှိနေဖို့တောင်လိုအပ်ခဲ့တဲ့ သူပေါ့

ဆယ်နှစ်ကျော်လောက်တောင် မတွေ့ခဲ့ရပေမဲ့ သူငယ်ချင်းဆိုတဲ့ ခေါင်းစဥ်အောက်မှာဘဲ တစ်ဖက်သက်ချစ်ပြီး အများကြီးလည်း သဘောကျခဲ့တယ်။ဒါကလည်း တစ်ကြိမ်တစ်ခါမျှတောင် ယုတ်လျော့သွားခြင်း မရှိဖူးတဲ့ အဲ့ဒီလို သဘောကျခြင်းမျိုးနဲ့ဆိုရင်ပေါ့။

အသားရှောင်ပြီး ကုသိုလ်ယူကြတယ်ဆိုတဲ့ ဘုန်းတော်ကြီးတွေ ရှိတယ်။ဘုန်းတော်ကြီးတိုင်းကတော့ အသားကို မကြိုက်လို့ အသားရှောင်ပြီး ကုသိုလ်ယူဖို့ လုပ်ကြတာ မဖြစ်နိုင်ပါဘူး။အနာဂတ်မှာ ကောင်းတာတစ်ခုခု ဖြစ်လာစေဖို့ ဒါမှမဟုတ် နောင်ဘဝမှာ ကောင်းစားစေဖို့အတွက်ဆိုတဲ့ အစရှိတဲ့ ဆုလဒ်တွေကို ပိုင်ဆိုင်ချင်ကြလို့သာ အဲ့ဒီခတ်ခဲတဲ့ ဥပုဒ်ကျင့်ဝတ်ကို ပြုကျင့်နေကြတာဘဲဖြစ်တယ်။

ဒီတစ်ခေါက် သူတို့ ပြန်တွေ့ကြရင် Gunes Lucindaကို တစ်ဖတ်သက်ဘဲ ချစ်နေတာ ရပ်တန့်လိုက်ပြီး ပိုင်ဆိုင်ဖို့ ကြိုးစားကြည့်လိုက်ရမလားဆိုတဲ့ အတွေးမျိုး ဝင်ခဲ့မိတယ်။ဆယ်နှစ်ကျော်လောက် သူငယ်ချင်း အယောင်ဆောင်ပြီး တစ်ဖက်သက် ချစ်နေခဲ့ရတာကသာ အသားမစားဖို့ ဥပုဒ်စာင့်ခဲ့ရတဲ့ ကျားနဲ့ ခြားနားမှု မရှိဘူးဆိုတာ သေချာရင်...
Gunes Lucinda ကို ဆုလဒ်အနေနဲ့များ သူ မပိုင်ဆိုင်ရနိုင်လောက်ဘူးလား။

အခုထိ လျှောက်လာခဲ့တဲ့ လမ်းမှာ ကြိုးစားကြည့်လို့လည်း သူ့အတွက် အရှုံးဆိုတာ မရှိတော့ပါဘူး။ပိုင်ဆိုင်ဖို့ ကြိုးစားလိုက်လို့ ကျရှုံးသွားတယ်ဆိုရင်တောင်မှ အရင်လို တစ်ဖတ်သက် တိတ်တိတ်ကလေး ချစ်နေခွင့်ကတော့ ရနေဦးမှာပေါ့။

ရည်ရွယ်ချက်တစ်ခုထံသို့ ပစ်ခွင်းဖို့ အသင့်တင်ထားခဲ့တဲ့ လေးကြိုးကဲ့သို့ နှလုံးသားနဲ့ဘဲ သူ သူ့ကို စောင့်မျှော်နေခဲ့တယ်။

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Where stories live. Discover now