Chapter -2

856 74 2
                                    

Flower ; Someone with a beautiful illuminated face

ရဲသားကြီးတွေက အခုဆို သူတို့ရဲ့ ကိုယ်ပိုင်အလုပ်နေရာ စားပွဲအသီးသီးထံကို ပြန်လည်ကာ ရောက်ရှိသွားခဲ့ကြပြီ။

အဘွားက Mr Lucindaဆိုသူနဲ့ လက်ရှိ ရဲစခန်းအတွင်းက ညာဘက်ထောင့် နေရာလွတ်တစ်ခုမှာ အတူရှိနေခဲ့တယ်။သူမက ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်နေခဲ့တာ ဖြစ်ပြီး Mr Lucindaကတော့ သူမရဲ့အရှေ့မှာဘဲ ဒူးတစ်ဖတ်ထောက်ကာ ထိုင်ချထားလျှက် ရှိနေတယ်။

အဘွားရဲ့ လက်တွေကို ဆုတ်ကိုင်ထားခဲ့တယ်။မျက်နှာကိုလည်း ခပ်မော့မော့လေး လုပ်ကာဘဲ စကားတွေ ဆိုနေတယ်။သူ့ကိုကြည့်ရတာ သူမအပေါ်မှာ အတော်လေး နူးညံ့ကြင်နာတဲ့ပုံ ပေါ်နေတယ်။ငါ့အဘွားကလည်း အဲ့ဒီMr Lucindaရဲ့မျက်နှာကို ကြည့်ပြီး ပြုံးလို့ရယ်လို့ပါဘဲ။

အဘွားနဲ့အတူ ၆ နှစ်ဆိုတဲ့ ကာလအရှည်ကြီး တစ်လျှောက်လုံးကို ဖြတ်သန်းလာခဲ့တယ်။သူမရဲ့ မျက်နှာပေါ်မှာ ဒီလိုမျိုး လက်ဆက်ပြီး ချိုသာနေတဲ့ အပြုံးမျိုး မြင်တွေ့ခွင့်ရတာကတော့ လက်ရှိ အခိုက်အတန့်က ပထမဦးဆုံးဘဲ။

နှစ်ဦးသားကို လည်ပြန် ငေးကြည့်နေမိရင်းနဲ့ဘဲ Mr Lucindaရဲ့ အပေါ်မှာမှ တစ်မူထူးခြားပြီး ရင်းနှီးခင်တွယ်နေခဲ့တဲ့ သူမကြောင့် အတော်လေး အံ့သြလျှက် မှင်သက်နေမိတယ်။တစ်ချိန်တည်းမှာ ကြည်နူးနေမိသေးတာကိုလည်း မညာတမ်း ဝန်ခံပါတယ်။

အဘွားကို ရဲစခန်းထဲကနေ ပြန်ပြီး ခေါ်ထုတ်သွားလိုက်ဖို့ကို ဖြူစွတ်နေတဲ့ မုတ်ဆိတ်မွှေးတွေနဲ့ ရဲသားကြီးတစ်ဦးရဲ့ ကိုယ်ရေးအချက်အလက် စစ်ဆေးတာကို ခံနေရတယ်။စစ်ဆေးခံနေရတယ်ဆိုပြီး တင်းတင်းကျပ်ကျပ်ကြီး အမေးအမြန်း လုပ်ခံနေရတာလည်း မဟုတ်ဘူး။ငါ ဒီစစ်ဆေးခြင်းကနေ ဖိအားတစ်စုံတစ်ရာ မခံစားရဘူး။

မိတ္တူစက်ထဲက ထုတ်လာတဲ့ စာရွက်စာတမ်းတွေရယ် ငါ့မျက်နှာရယ်ကို တစ်လှည့်စီကြည့်တယ်။

''နာမည်က Zahra Asante...အဒဲလ်မြို့သား စစ်စစ်...ပြီးတော့ Aတက္ကသိုလ်ရဲ့ ကျောင်းသားလည်း ဖြစ်တယ်။မြေးအဘွား နှစ်ယောက်တည်း ရှိပြီး အိုး...အဘွားဖြစ်သူကို တစ်လျှောက်လုံး တစ်ယောက်တည်း စောင့်ရှောက်နေခဲ့တာဘဲ...''

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ