Chapter -5

443 47 1
                                    

မင်းနဲ့ နောက်တစ်ခေါက် ပြန်တွေ့နိုင်ဖို့ကို ကိုယ် တကယ် မျှော်င့်နေခဲ့တာ...

တစ်ပါတ်ကျော် ကြာပြီးသွားတဲ့ အချိန်မှာ ဖြစ်တယ်။ဒီရက်တွေမှာ ကျောင်းလည်း သွားမတက်ဖြစ်ခဲ့။အချိန်ပိုင်းအလုပ်တွေကိုတောင်မှ လစ်လျူရှုထားခဲ့ပါတယ်။

လွန်ခဲ့တဲ့ သုံးရက်က အဘွားနဲ့အတူ လမ်းလျှောက်ထွက်ရင်း ပန်းခြံထဲမှာ အဘွားပျောက်သွားတဲ့ အဲ့ဒီညက ရဲသားကြီးနဲ့ ပြန်တွေ့ဖြစ်ခဲ့တယ်။သူက အဘွားကို ငါနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရှိနေတာ တွေ့ရလို့ ဝမ်းသာတဲ့အကြောင်း ပြောလာတယ်။

ထပ်ပြီးတော့လည်း အဒဲလ်မြို့ထဲမှာဘဲ နောက်ထပ် လူပျောက်ဆုံးမှု ရှိခဲ့ကြောင်းပါ ပြောပြလာခဲ့သေးတယ်။

အသက် ၅၀ ကျော်ခန့် အဘိုးအိုတစ်ယောက် ဖြစ်တယ်။ပျောက်ဆုံးပြီး နှစ်ရက်အကြာမှာ မြေအောက်ရထားဘူတာ အနီးက ချောင်ကျတဲ့ တစ်နေရာမှာ ပြန်တွေ့ခဲ့ပေမဲ့ အသက်ကတော့ ဆုံးရှုံးနေခဲ့ပြီလို့ သိရတယ်။စစ်ဆေးချက်များအရ ပစ်မှုကျူးလွန်သူက အဘိုးအိုရဲ့ နှလုံးနဲ့ ကျောက်ကပ်များကို အစိမ်းသက်သက် ထုတ်ယူထားတယ်တဲ့။

သူ ဒီလိုတွေ ပြောပြပေးခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ငါ အဘွားကို ပိုပြီး ဂရုစိုက်နိုင်အောင်လို့ပေါ့။ဒါပေမဲ့ ငါကတော့ အဲ့ဒီနေ့ကတည်းက သူပြောပြလာတဲ့ အခြေအနေလောက်ဆို ကျောင်းနားသင့်နေပြီမလားဆိုပြီး တွေးနေခဲ့မိတာ ဒီကနေ့ရောဆို လေးရက်မြောက်ခဲ့ပါပြီ။

လက်တွေ့ အကောင်အထည် ဖော်လိုက်မယ်ဆိုပြီး တရားဝင် ဆုံးဖြတ်ချက်တော့ မချထားရသေးဘူး။ဒါပေမဲ့ ငါ ကျောင်းမသွားဖြစ်တော့တာ ပြီးခဲ့တဲ့ တစ်ပါတ်လုံးဘဲ။ဒီအခြေအနေက ငါ့ကို ကျောင်းနားလိုက်ရမယ်ဆိုပြီး တွေးမိစေတဲ့ တတိယမြောက်တစ်ကြိမ်လည်း ဖြစ်တယ်။

ပထမတစ်ကြိမ်က အဘွား နမိုးနီးယားဖြစ်ခဲ့တဲ့ တစ်နှစ်မှာပါ။နမိုးနီးယား ဖြစ်ပြီး နောက်ပိုင်း အဘွားရဲ့ စိတ်ကျမ်းမာရေး အခြေအနေက ပိုလို့တောင် ဆိုးရွာလာခဲ့တယ်။ပြင်းထန်တဲ့ ကိုယ်အပူရှိန်က သူမရဲ့ ဦးနောက်ကို နောက်တစ်ကြိမ် ပြန်လည် ထိခိုက်အောင် ပြုလုပ်လိုက်တယ်။

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Wo Geschichten leben. Entdecke jetzt