ငါ့မျက်ဝန်းတွေထဲမှာ မင်းက ကောင်းမွန်ပြီး စာရွက်ဖြူလေး တစ်ရွက်လို အပစ်ကင်းတဲ့ ကောင်လေးတစ်ယောက် ဖြစ်ခဲ့တယ်...
Mr Lucinda ဖြစ်တယ်။မီးဖိုခန်းဝ တံခါးဘောင်မှာ ခန္ဓာကိုယ်အရှည်ကြီးနဲ့ဆန့်အောင် အဖြစ်မှီထားတယ်။လက်တစ်ဖတ်နဲ့ တံခါးကို ခေါက်လိုက်သေးတာမို့ ငါတို့မြေးအဘွားနှစ်ယောက်လုံး သူ့ထံကို ပြိုင်တူဘဲ လှမ်းကြည့်လိုက်ကြပါတယ်။
''Good morningပါ Mr Lucinda..."
"မြေးအဘွားနှစ်ယောက်ရဲ့ သာယာကြည်နူးဖွယ်မနက်ခင်းလေးကိုမှ ကိုယ်က နှောက်ယှက်လိုက်မိတာမျိုးတော့ မဟုတ်ဘူးမလား"
"အိုး တကယ်မဟုတ်တာ။ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ...ကျွန်တော် ခင်ဗျားအတွက် မနက်စာ ပြင်ပေးပါမယ်...''
ချိုသာတဲ့ အပြုံးနဲ့ ဝင်လာခဲ့တယ်။စားပွဲမှာ သက်သောင့်သက်သာ ဖြစ်စွာ ဝင်ထိုင်လိုက်လျှက် အဘွားရဲ့အာရုံစိုက်တာကို ခံချင်နေတဲ့သူလိုမျိုး သူက သူမကို ထပ်ပြီးတောင် နှုတ်ဆက်လိုက်သေးတယ်။
''Good morning အမျိုးသမီးလေး Asante...''
စိတ်မကောင်းစွာနဲ့ ငါ့အဘွားရဲ့ အာရုံစူးစိုက်မှုကတော့ မနက်စာ ထပြင်ပေးနေခဲ့တဲ့ ငါ့နောက်ကျောမှာဘဲ ကပ်ခွာလို တည်ရှိနေခဲ့တယ်။နှုတ်ဆက်စကား ဆိုလိုက်တဲ့ Mr Lucinda ထံကို တစ်ချက်တော့ လှည့်ကြည့်ချင် ကြည့်လိုက်ပါလိမ့်မယ်။ဒါပေမဲ့လည်း ဖျတ်ခနဲသာ ဖြစ်နိုင်တယ်။
နှစ်ပေါင်းများစွာ အတူနေလာခဲ့ပြီး သူမရဲ့ ဒီလိုအမူအကျင့်တွေကို အနည်းနဲ့အများတော့ ငါလည်း ကျေလည်နေခဲ့ပြီလို့ဘဲ ပြောရမလား။ငါ လှည့်ကြည့်လိုက်တဲ့အချိန်မှာ အဘွားရဲ့ ထိုကဲ့သို့ ဂရုမထားချင်တဲ့ အမူအရာကိုဘဲ ရှိုးတိုးရှန့်တန့် ဖြစ်သွားသကဲ့သို့ Mr Lucindaရဲ့ မျက်နှာအမူအယာကို သတိထားမိလိုက်တာနဲ့...
''စိတ်မရှိပါနဲ့ Mr Lucinda...သူမက ကိစ္စတိုင်းကို အချိန်တိုတိုလေးအထိဘဲ မှတ်သားထားနိုင်ပါတယ်။အခု သူမက ခင်ဗျားကိုရော မနေ့ညက အဖြစ်ပျက်ကိုပါ မမှတ်မိတော့ပါဘူး...''
VOCÊ ESTÁ LENDO
မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)