"သူ ငါ့အပေါ် လာကြင်နာတယ် ငါ့အာရုံတွေအကုန် သူ့ဆီရောက်အောင် ဖမ်းစားလိုက်တယ်..."
ပါးတွေ နားတွေက အရိုက်ခံရပါများရင် ပူထူလာရုံဘဲ မဟုတ်ဘဲနဲ့ gayဆိုတဲ့ သူလိုသတ္တဝါတစ်ကောင်ကိုတောင် လဲသေသွားစေတက်တယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲ။
မနားတမ်း အရိုက်ခံရတော့ နားတွေက အူလာတယ်။ဘေးပတ်ပတ်လည်က သူတို့သားအဖကို အုံဝိုင်းကြည့်နေကြပြီး ခေါင်းချင်းဆိုင်ကာ ဝေဖန်ပြောဆိုနေကြတဲ့ အသံဗလံတွေကိုလည်း သူတကယ် ရှင်းရှင်းလင်းလင်း မကြာရတော့ဘူး။တဝီဝီသံတွေက သူ့နားထဲကို ဆက်တိုက်တိုးဝင်နေခဲ့လျှက် ဖခင်ရဲ့ ဘယ်နှစ်ချက်မြောက် ရိုက်ချက်မှာလဲဆိုတာတောင် တိတိကျကျ မမှတ်မိဘူး။သူ လဲကျသွားခဲ့တယ်။ထပ်ပြီး သူ့ခန္ဓာကိုယ်ကိုပါ ခြေထောက်နဲ့ ကန်ကျောက်ဖို့ ပြင်ရွယ်လိုက်တယ်။
အရိုက်ခံ၊ အကန်ခံရတာလောက်ဟာ
"မင်းကို ရွံစရာ gayကောင် ဖြစ်အောင်မွေးခဲ့မိလို့ ငါ့ကိုယ်ငါ အဲ့ကတည်းက သေသွားရင် ကောင်းမယ်ဆိုပြီး တစ်လမ်းလုံး တွေးလာခဲ့တာ"ဆိုကာ ပြောထွက်ခဲ့တဲ့ ဖခင်ရဲ့စကားကြောင့် ရင်ဘက်ထဲက နာသွားတာလောက် ဘယ်ပြောပလောက်ပါမလဲ။ဒါပေမဲ့ အလိုအလျောက် တုန့်ပြန်မှုအရတော့ ဖခင်ရဲ့ ကန်ချက်ကို ကာဖို့ရာ သူ့ခန္ဓာကိုယ်ကို လဲကျနေတဲ့ ကြမ်းခင်းမှာတင် ကွေးကျုံ့လိုက်မိတယ်။
ကန်ချက်က သူ့ကိုယ်ပေါ်ကို ထူးဆန်းစွာနဲ့ အတော်နဲ့ မကျရောက်ခဲ့။ပုဇွန်လိုကွေးထားမိတဲ့ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်တယ်။ဖခင်ကို မဝံ့မရဲနဲ့ ပြန်ကြည့်လိုက်မိတဲ့အခါ တစ်စုံတစ်ယောက်က ရင်ဘက်ကနေ ဆောင့် တွန်းလိုက်တာမို့လို့ အနောက်ကို ခြေ လေး ငါးလှမ်းလောက်အထိ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို ထိန်းလျှက် ဟပ်ထိုး ဟပ်ထိုးနဲ့ ဆုတ်ရွံ့သွားတဲ့ပုံစံနဲ့ ဖခင်ကိုသာ မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။
သူတို့သားအဖ ကြားထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့တဲ့ တစ်စုံတစ်ယောက်။ဝိုင်းအုံကြည့်နေကြတဲ့ လူတွေလည်း ပိုပြီးတေ့ာ လှုပ်လှုပ်ရှားရှား ဖြစ်လာသလိုဘဲ။ဘယ်လိုဘဲဖြစ်ဖြစ် သူကတော့ အဲ့ဒီအသံတွေကို တကယ်ကို မကြားရတော့ဘူး။ကြမ်းခင်းမှာ လက်ထောက်ပြီး ခန္ဓာကိုယ်ကို ထူမတ်လိုက်တယ်။နောက်ကျောပေး ရပ်နေခဲ့တဲ့ အဲ့ဒီလူကို အတည်ပြုကြည့်ဖို့ရာ ကြိုးစားမိရုံပါဘဲ။
BINABASA MO ANG
မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)