Chapter -9

390 38 0
                                        

အမြဲတမ်း အရေးပေးနိုင်ရင် ငါ့အပေါ်ကို အစကတည်းက လာကောင်းပါနဲ့...

နဂိုကတည်းက စကားနည်းတဲ့သူမို့လို့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာစိတ်ကိုတောင် ကျေးဇူးစကား နှစ်ခွန်းသုံးခွန်းနဲ့ဘဲ ဖော်ပြနိုင်ခဲ့တယ်။ဒါပေမဲ့ Mr Grayဟာတော့...

''ပုံမှန်ဆို ဒီလိုမျိုး ကွင်းဆက်ရှိနေတဲ့ အမှုကိစ္စတွေရဲ့ တရားခံတွေကို ဖမ်းမိဖို့ သိပ်ကြာတက်တယ်။ဒါပေမဲ့ ဒီလူပျောက်အမှုရဲ့ တရားခံကိုတော့ အနှေးအမြန်ဘဲ ဖမ်းမိလိမ့်မယ်ဆိုတာကို ငါ အလိုလိုဘဲ ခံစားမိနေခဲ့တယ်။ဘာဖြစ်လို့လဲသိလား။ဘုရားသခင်က မင်းလို လူကောင်းလေးကို ပစ်မထားဘူးဆိုတာ ငါယုံကြည်လို့ဘဲ ကောင်လေးရ..."

တရားခံကို ဖမ်းမိတာကတောင် ငါ့ရဲ့ကြိုးစားအားထုတ်မှု တစ်စုံတစ်ရာ ကြီးကြီးမားမား ပါဝင်နေခဲ့သလိုမျိုး ဝမ်းပန်းတသာနဲ့ အားရပါးရကို ပြောနေတော့တာ မဟုတ်လား။တော်တော်လေးကို သဘာဝမကျတဲ့ လော့ဂျစ်တွေဆိုတာ သိပေမဲ့ ငါ သူ့စကားတွေကို အတွန့်တော့ မတက်ဖြစ်လိုက်ဘူး။အကြောင်းကတော့ ဒီMr Grayက ''အဘွားဖြစ်သူကို စောင့်ရှောက်ပေးနေတဲ့ မြေးအလိမ္မာလေး”ဆိုတဲ့ ခေါင်းစဥ်အောက်မှာဘဲ ငါ့ကို အများကြီး သဘောကျနေတဲ့ ရဲသားအိုကြီးတစ်ယောက်ဆိုတာလည်း ငါကောင်းကောင်းသိသေးတယ်။

တရားခံကို ဖမ်းမိလို့ ကျေနပ်နေတယ်ဆိုတာထက် သူ့ကို ကြည့်ရတာ ငါ့ဆီမှာ ရှိနေတဲ့ အခတ်အခဲတွေ ပြေလည်သွားတော့မည်မို့သာ ပိုပြီး ဝမ်းမြောက် ဝမ်းသာဖြစ်နေသလိုမျိုး ခံစားရတယ်။ဒီလူဟာ သိပ်စိတ်ထားကောင်းတဲ့ လူတစ်ယောက်ပါ။ငါ့စိတ်ထဲမှာ တိတ်တိတ်ကလေး သက်မှတ်လိုက်မိတယ်။

မနက်လင်းကတည်းက ပြိုတော့မယ့် မိုးလို ညို့မှိုင်းနေခဲ့တဲ့ ကောင်းကင်ကြီးရဲ့ အလည်တည့်တည့်နေရာမှာ ရုတ်တရက်ဆိုသလို လျှပ်စီးကြောင်း အကြီးကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့တယ်။မသိရင် လျှပ်စီးကြောင်းက ငါနဲ့Mr Gray နှစ်ယောက် ကြားထဲကနေတောင် ဖြတ်ပြေးသွားသလိုဘဲ။Mr Grayရဲ့ ဘုရားတလိုက်သံကို ကြားလိုက်ရတယ်။

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Where stories live. Discover now