ငါတို့ ပိုပြီး ရင်းနှီးလာကြတယ်...
''...အဲ့ဒီတော့ ဘာပါလဲ...ခင်ဗျားသူငယ်ချင်း မျက်နှာပြောင်တာကိုတော့ ကျွန်တော် တကယ် အသိအမှတ်ပြုပါတယ်...''
ခနနားလိုက်ပြီးမှ
''ဒါပေမဲ့ ဒီအကြောင်းကိစ္စလောက်ကိုသာ ခင်ဗျားပြောတဲ့ ဒီကိုမဖြစ်မနေ ပြောင်းလာရတဲ့ အကြောင်းပြချက်ဆိုပြီး ခေါင်းစဥ်တပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ Mr Lucinda...ဒါက သိပ်ပြီး မခိုင်လုံရာ ကျလွန်းပါတယ်။အငှားနေဖို့ လုပ်နေတာကို ရပ်တန်းက ရပ်လိုက်ပါတော့။ကျွန်တော့်ကို အခုဘဲ သွားခွင့်ပြုနိုင်မလား...''
စကားဆုံးတာနဲ့ တစ်ဖတ်သူရဲ့ ရင်ပြင်ကျယ်ကို လက်နှစ်ဖတ်လုံးနဲ့ အားသိပ် မသုံးဘဲ ပုတ်ဟန်ပြုလိုက်တယ်။နံရံနဲ့ သူ့အကြားမှာ အလုံပိတ်ထားခဲ့တဲ့ ငါ့ကို အလွှတ်ပေးဖို့ တည်ငြိမ်စွာနဲ့ တောင်းဆိုလိုက်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ဒါပေမဲ့လည်း မထင်မှတ်ထားဘဲ သူကတော့ ငါ့ကိုအလွှတ်ပေးဖို့ ဆန္ဒတို့ ရှိမနေခဲ့တာကိုသာ သိလိုက်ရတယ်။
မူလက သူနဲ့နံရံအကြားမှာ ငါအတွက် ခြေတစ်လှမ်းစာမျှ နေရာလွတ်ကလေး ထားပေးထားသေးတယ်။ဒါပေမဲ့ သူ့ရင်ဘက်ကို အသာပုတ်လိုက်ပြီး ပိတ်လှောင်ခံထားရာကနေ ထွက်ခွာသွားချင်တယ်ဆိုတဲ့ အမူအရာမျိုး ပြုလုပ်လိုက်တာနဲ့တင် ငါ့ကို ပိုပြီး ကျဥ်းကျပ်စွာတောင် ပိတ်နှောင်ပစ်လိုက်တယ်။
''အိုး တစ်ဆိတ်...တစ်ဆိတ်လောက်ပါ Mr Lucinda ခင်ဗျား!"
သူ့ခြေထောက်တစ်ဖတ်က ငါ့ပေါင်တံ နှစ်ချောင်းကြားထဲကနေ တိုးဝင်လာခဲ့ပြီး အနောက်က နံရံကို ဒူးနဲ့ လှမ်းထောက်လိုက်တယ်။ခန္ဓာကိုယ်နှစ်ခုက ရင်ဘက်ချင်း ထပ်တဲ့အထိတောင် တစ်သားတည်းကျသွားတဲ့ အနေအထားမျိုးပါဘဲ။
ထူးဆန်းတဲ့ အနေအထားကြောင့် ရုန်းရင်းဆန်ခတ်ပိုလုပ်မိတော့ ငါ့ခေါင်းကိုငါ အနောက်က နံရံနဲ့တောင် အားပြင်းပြင်းနဲ့ ဆောင့်ချလိုက်မိတော့မလို။ဒါပေမဲ့ သူကဘဲ ပိုင်နိုင်စွာနဲ့ ငါ့ရဲ့ခေါင်းနောက်စေ့နေရာကို ဖမ်းကိုင်ထားလိုက်ပြီး ကာကွယ်ပေးခဲ့တယ်။အဲ့ဒီတော့မှ ငါလည်း သံပါတ် အရပ်ခံလိုက်ရတဲ့ အရုပ်လိုမျိုး ငြိမ်သက်လိုက်မိပါတယ်။
ВЫ ЧИТАЕТЕ
မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)