Chapter -17

384 41 8
                                        

မင်းလေးက ငါဆိုတဲ့ သေတ္တာကို ဖွင့်ဖို့ မှန်ကန်တဲ့ သော့တစ်ချောင်း ဖြစ်ခဲ့တယ်

ကုတင်အောက်ကို ငုံ့ကြည့်နေရာကနေ ထလာခဲ့တယ်။သူ့နံဘေးမှာဘဲ ပြုံး‌စိစိ မျက်နှာလေးနဲ့ လာထိုင်ခဲ့တယ်။လက်ကလေး နှစ်ဖတ်လုံးကို သူ့ရဲ့တင်ကလင်ချိတ် ထိုင်ထားခဲ့တဲ့ ပေါင်တွေပေါ် ခပ်ဖွဖွ လာတင်ခဲ့လျှက် စိတ်ထဲကမပါတဲ့ ခွင့်လွတ်ငဲ့ညှာပေးဖို့ တောင်းဆိုနေသလို မျက်နှာပေးလေးနဲ့ ဆိုလာခဲ့တယ်။

''အိုး တောင်းပန်ပါတယ်...ကျွန်တော့် အပြုအမူက ရိုင်းပြသလို ဖြစ်သွားတယ်မလား။ကျွန်တော်တကယ် ခင်ဗျားကို စိတ်ပူလို့ လာခဲ့တာပါ။ကျွန်တော်တို့ ဖုန်းပြောကြတုန်းကလေ...ဖုန်းထဲက ခင်ဗျားအသံက အရမ်းကို တစ်မျိုးဖြစ်နေခဲ့တာဘဲ။ဒါကြောင့်လည်း ကျွန်တော်ထင်လိုက်မိတာက...''

''မင်းထင်လိုက်မိတာက...''

''ဟီး ကျွန်တော်ထင်လိုက်မိတာ သူခင်ဗျားကို အဓမ္မ အပိုင်းသိမ်းဖို့များ လုပ်နေတာလားပေါ့...''

''အိုကွာ ပေါက်ကရတွေ...''

ကောင်လေးရဲ့ မျက်နှာလေးက ရယ်ချင်စိတ်ကို ဖျစ်ညှစ်ကာဘဲ မျိုသိပ်ထားရသကဲ့သို့ သိပ်ကို ဖရိုဖရဲလေး ဖြစ်နေခဲ့တယ်။

''ဟို...သူများ မပြန်သေးဘူးလားပေါ့။တကယ်လို့များ မပြန်သေးဘဲနဲ့ ကျွန်တော်လာလို့ ပုန်းနေခဲ့တယ်ဆိုရင်ရော နောက်ခင်များကို ဘယ်တော့မှ မနှောက်ယှက်ရဲတော့အောင်လို့ ညစာအဖြစ် သူ့ကို လက်သီးမုန့်ကျွေးပြီးဘဲ ပြန်လွှတ်လိုက်မလို့လေ"

မျက်ခုံးကြားနေရာကို လက်ချောင်းရှည်တွေနဲ့ ဖိလိုက်ပြီး ခေါင်းနှစ်ချက် သုံးချက် ရမ်းကာဘဲ ရယ်သွမ်းမိတော့တယ်။သူ့ကို ရယ်ကျဲကျဲလေး ကြည့်နေခဲ့ရင်းနဲ့ ထပ်ဆိုလာပြန်တယ်။

''ခင်ဗျားကို နည်းနည်းလောက်ဖြစ်ဖြစ် ရယ်ပြုံးစေချင်ခဲ့တာပါ။အခုလို အလွယ်တကူ ရယ်ပြုံးနိုင်သေးတာကို မြင်ရတော့ တကယ်စိတ်သက်သာမိတယ်။ကျွန်တော် ဝင်လာတုန်းက ခင်ဗျားမျက်နှာက စိတ်အခြေအနေ တော်တော် ဆိုးဆိုးရွားရွား ဖြစ်နေတယ်ဆိုပြီး နှဖူးမှာ စာကပ်မထားရုံတမယ်ကို ဖြစ်နေခဲ့တာလေ သိရဲ့လား...''

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Donde viven las historias. Descúbrelo ahora