စွဲလမ်းမှုနဲ့ အချစ်ဆိုတာ အဓိပ္ပါယ်ချင်းမတူသလို သက်ရောက်မှုချင်းလည်း တကယ် မတူဘူး။
ကုတင်ပေါ်မှာဘဲ တစ်ချိန်လုံး ထိုင်နေခဲ့ရာကထလာခဲ့တယ်။ဧည့်စားပွဲရဲ့ ညာဘက်ခုံမှာ ထိုင်နေခဲ့တဲ့ သူ့နံဘေးမှာ ဝင်ထိုင်လာခဲ့တယ်။ကြင်နာပါတယ်ဆိုတဲ့ မျက်ဝန်းတွေနဲ့ဘဲ ထွေးပွေ့ခံလိုက်ရတယ်။
''တောင်းပန်ပါတယ်...ဘာဘဲဖြစ်ဖြစ် ငါတို့က လှပ ကောင်းမွန်တဲ့ အတိတ်တစ်ခုရှိခဲ့တဲ့ သူငယ်ချင်းတွေဘဲ။သူငယ်ချင်းတွေ အဖြစ်တော့ ဆက်ရှိနေကြဦးမှာမလို့ ငါတို့က တစ်ယောက်ကို တစ်ယောက် ဆုံးရှုံးလိုက်ကြရတာလည်း မဟုတ်ဘူး။ဒါပေမဲ့ မင်းကသာ ဒါကို ဆုံးရှုံးမှုတစ်ခုအဖြစ် သက်မှတ်လိုက်တယ်ဆိုရင်တော့ Simon...ဆုံးရှုံးမှုတိုင်းက မကောင်းတာချည်းဘဲလည်း မဟုတ်ဘူး။ဒီဆုံးရှုံးမှုကနေ မင်းကိုမင်း ပြန်ရလိုက်မှာပါ။ငါပြောရဲတယ်...”
ရက်စက်လိုက်တဲ့ စကားလုံးတွေ။သူတို့က သူငယ်ချင်းဆိုတဲ့ စည်းဘောင်တစ်ခုထဲမှာဘဲ ရှိခဲ့ကြတာ မှန်တာပေါ့။အဲ့ဒီလိုဆိုတိုင်း သူငယ်ချင်းလိုဘဲ သဘောထားခဲတာလို့တော့ ပြောလို့ ဘယ်ရမလဲ။သူ့အတွက်လည်း အဲဒါကသာ Gunes Lucindaကို တွယ်ကပ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ခဲ့တာမို့လေ မဟုတ်ဘူးလား။
သူငယ်ချင်းလိုတော့ ဆက်ရှိနေကြဦးမယ်။Gunes Lucinda တစ်ဦးထဲရဲ့ စိတ်ထဲမှာသာ ဒါဟာ ဖြစ်နိုင်ပါလိမ့်မယ်။သူကတော့ သူ့ချစ်ရသူ Gunes Lucindaကို လက်လွှတ် ဆုံးရှုံးလိုက်ရတာဘဲ။သူ့နှလုံးသားက အခုထာဝရ သေဆုံးသွားတော့မယ်နဲ့တောင် တူတယ်။လက်မခံနိုင်လို့ တစ်ကိုယ်လုံးလည်း တုန်ယင်နေခဲ့တယ်။
ဘယ်လောက်တောင် ပျော့ညံ့လွန်းတယ် ပြောကြပါစေ။သူ့ကို ချစ်တဲ့ အချစ်တွေကြောင့်နဲ့ ဘဝကြီးကို အားတင်ပြီး ကျော်ဖြတ်နိုင်ခဲ့တယ်။ဒါက အမှန်တရား။အခုတော့မှ လာပြီး ဒီအချစ်တွေကို မဖြစ်မနေ ရပ်တန့်ပေးလိုက်ရတော့မယ်ဆိုတော့ သူ့ကိုယ်သူ ဖြတ်စီးပစ်ဖို့ လုပ်ရတာနဲ့တောင် အတူတူဘဲ ဖြစ်လိမ့်မယ်။
ВЫ ЧИТАЕТЕ
မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)