ငါ့ရဲ့ ပြီးမြောက်ခြင်း အရည်တွေကို ခံစားမိတယ်။ဒါက ဘယ်လိုလုပ်ပြီး မင်းအတွက် အချစ်ဖြစ်နိုင်မှာလဲ...
မိုးရွာပြီးတော့ ပုဇဥ်းရင်ကွဲတွေနဲ့ ဖားတွေရဲ့ တကွားကွား အော်ဟစ်သံတွေက ငါတို့ S ရက်ကွက်လေးရဲ့ ကောင်းကင်ယံမှာ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်နေခဲ့တယ်။ငါ့အိပ်ခန်း နံရံမှာ လူကိုဇောတ်ထိုး လာကြည့်နေတဲ့ အိမ်မြောင်တစ်ကောင် ရှိတယ်။တတတ်တတ်နဲ့လည်း စုတ်သပ်နေတယ်။အိပ်လို့ မပျော်နိုင်မယ့် အတူတူတော့ အဲ့ဒီစုတ်သပ်သံကိုသာ လိုက်ပြီး ရေတွက်ကြည့်ရမလား စိတ်ကူးလိုက်တယ်။
1 ,2 ,3...10,..., 100,..., 1000,..., 2001,..., 4509...
အသုံးမဝင်တဲ့ နည်းလမ်းတစ်ခုပါဘဲ။ငါကတော့ အိပ်လို့မပျော်နိုင်သာ ဖြစ်နေတုန်းဘဲ။ခေါင်းအုံးက နိမ့်နေတယ်လို့ ခံစားရတာမို့ ခြေရင်းမှာ ခေါင်းအုံးမပါဘဲ လှည့်အိပ်လိုက်ပြီး ခေါင်းအုံးပေါ်ကိုတော့ ခြေထောက်တွေဘဲ တင်ထားလိုက်တယ်။
Gunes Lucindaက သူ့ကို ခေါင်းနောက်စေ့နေရာကနေ ဖမ်းထိန်းပြီး ဆွဲနမ်းလိုက်တယ်...
မျက်လုံးတွေကို ဖျစ်ညှစ် မှိတ်ထားတယ်။အိပ်ပျော်ဖို့ ခတ်ခတ်ခဲခဲ ကြိုးစားနေရပေမဲ့ ခေါင်းထဲမှာ အဲ့ဒီမြင်ကွင်းကိုဘဲ မြင်ယောင်နေမိတော့ ခတ်ရတယ်။ဒီအတွေးကြီးကို ရပ်တန့်လိုက်ဖို့ ငါ့ကိုယ်ငါ တကယ် မထိန်းချုပ်နိုင်တော့ဘူးလား။
မယုံပါဘူး။ငါ့မှာ သူ့အတွက် တကယ်ကို ခံစာချက် နည်းနည်းတောင် ရှိမနေတာမလို့ အချိန်တစ်ခုလောက် ထပ်ကြာသွားပြီး ထိတ်လန့်မိတဲ့ နှလုံးသားကို ကောင်းကောင်း နှစ်သိမ့်ပေးနိုင်ရင်ပေါ့...အဲ့ဒီအခါကျ ငါတကယ် တကယ် အိပ်ပျော်သွားမှာပါ။
အဲ့ဒီအခါကို ရောက်ဖို့ဘဲ နောက်ထပ် အိပ်ရာပေါ်မှာ အကြိမ် နှစ်ဆယ်လောက် ဟိုလှိမ့် ဒီလှိမ့် လုပ်လိုက်ရတယ်။ပြီးတာနဲ့ လက်နှစ်ဖတ်လုံးကို ခေါင်းအောက်မှာ ခုထားလိုက်ပြီး အခုထိ ပြူးကျယ်နေသေးတဲ့ မျက်လုံးတွေကို သက်ပြင်းတစ်ချက် ဆွဲချလိုက်ကာသာ မျက်နှာကြက်ဆီကို ပို့ထားလိုက်မိတော့တယ်။
BẠN ĐANG ĐỌC
မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)