Chapter -15

367 43 2
                                        

"ငါတို့ထိတွေ့ခဲ့ကြတယ် ငါတို့သာယာခဲ့ကြတယ် မင်းကတော့ ဒါကိုဘဲ အကျင့်လို့ ပြောလာတယ်..."

ခွင့်ပြုချက်ရလိုက်တာနဲ့ ဟန်မဆောင်နိုင်ခဲ့ဘူး။တိုက်ခန်းထဲဝင်လာဖို့ သခင်က ခွင့်ပြုလိုက်တဲ့ ခွေးတစ်ကောင်လို အမြှီးမနံ့ရုံတမယ် အတွေးကင်းမဲ့တဲ့ အပြုံးမျက်နှာနဲ့ဘဲ ဒရောသောပါး ဝင်သွားလိုက်တယ်။

တိုက်ခန်းက အပြင်မှာမြင်ရတဲ့ ပုံစံထက် အတွင်းမှာက အဆပေါင်းများစွာလောက် ပိုပြီးတော့ ပိတ်လှောင် ကျဥ်းမြောင်းတယ်။အိပ်ရာကုတင်နဲ့ အခန်းအလယ်မှ ဧည့်စားပွဲခင်းက ခြေသုံးလှမ်းစာ အကွာလောက်ဘဲ ဝေးတယ်။မီးဖိုခန်းဆိုတာ မရှိဘူး။ပတ်ပတ်လည်ကိုရော သေချာလိုက်ကြည့်မိတယ်။နေလို့ရရုံ အရှည်လိုက် တစ်ခန်းတည်းပါ တိုက်ခန်းမျိုးသာ ဖြစ်နေပြီး သန့်စင်ခန်းလိုဟာမျိုးတောင် မပါဘူး။

နှလုံးသားက နေမကောင်း ဖြစ်လာတယ်။သူ Gunesကို တော်တော်လေး ဒုက္ခပေးခဲ့မိတာဘဲလို့ တွေးမိတယ်။သူ့ကြောင့်သာ မဟုတ်ရင် Gunesက ဒီလိုနေရာမျိုးဆီကို...

''Simon ငါတို့ အသေအချာ စကားပြောဖို့ လိုနေပြီ...''

အခန်းအလယ် စားပွဲမှာ တင်ကလင်ချိတ်၍ သက်သောင့်သက်သာ ထိုင်လိုက်ကာ စကားဆိုလာခဲ့တဲ့ Gunes။အဲ့ဒါ့ကြောင့်ဘဲ သူ့အတွေးစတွေလည်း ပျက်တောက်သွားခဲ့တယ်။သူလည်း Gunesရဲ့ နံဘေးမှာဘဲ သွားဝင်ထိုင်လိုက်တယ်။

''ဘာစကားလဲ Gunes...မင်းငါ့ကို အမြဲတမ်း ငြင်းဆန်နေခဲ့တာဘဲ မဟုတ်ဘူးလား။အခုလည်း အဲ့ဒီလိုလုပ်ဖို့ဆိုရင်တော့ ဒီစကားတွေက ငါ့အတွက် အသုံးမဝင်တော့မှန်း မင်း ကောင်းကောင်း သိပါတယ်...''

''မင်းက တမင်သက်သက် အပင်ပန်းခံဖို့ လုပ်နေတာဘဲ...''

''မဖြစ်နိုင်တာ။ငါမပင်ပန်းပါဘူး...''

''ဒါပေမဲ့ တစ်ဖတ်လူက ငြီးငွေ့နေတယ်ဆိုရင်တော့ မင်းအဲ့ဒါကို ရပ်တန့်လိုက်သင့်တယ်ရော မထင်မိဘူးလား"

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Wo Geschichten leben. Entdecke jetzt