Chapter -6

483 46 2
                                        

"မိုးရွာလို့ဆိုပြီး စိတ်ပျက် ညည်းညူနေမယ့်အစား မိုးရေထဲမှာဘဲ ကခုန်တက်အောင် သင်ယူင့်တယ်"

ဘယ်လိုဖြစ်လို့ မျက်နှာချင်းဆိုင်မိတာနဲ့ ငါ့ခေါင်းကို တန်းပြီး ပွတ်သပ်ဖို့ လုပ်ရတာလဲ။ကလေးကုလား ခေါင်းကိုင်ပြီး အမြှူခံရတာမျိုးကို တကယ်မကြိုက်ဘူးဆိုတာ တစ်ဖတ်လူက သူ့အလိုလိုဘဲ ခံစားမိသွားအောင်လို့ ခေါင်းကို ခပ်ရို့ရို့တိမ်းရှောင်လိုက်တယ်။မျက်နှာကိုလည်း သိသိသာသာ အလိုမကျဟန် သုန်မှုန်ထားလိုက်‌မိပါရဲ့။

''ဒီမှာ Mr Lucinda...''

''အမိန့်ရှိနိုင်ပါတယ်ကောင်လေး...''

''ခင်ဗျားပုံစံက တစ်ချက်ကြည့်ရုံနဲ့တင် ချမ်းချမ်းသာသာ မိသားစုကဆိုတာ ဒီလောက် သိသာနေတာဘဲ..."

"ဟုတ်ပြီလေ ဆက်ပြောပါဦး...."

"ဒီလိုစုတ်ချာနေတဲ့ နေရာမှာ ခင်ဗျားကို စွဲဆောင်နိုင်တဲ့ ဘယ်လို မက်မောစရာတွေများ ရှိနေလို့လဲ...ကျွန်တော်ဖြင့် တကယ်ဘဲ အံ့အားသင့်မိပါတယ်...''

မထင်မှတ်ထားဘဲ ကောင်လေးနှုတ်ဆီက ဒီစကားမျိုးထွက်လာခဲ့တော့ သူ့ခမျာ ခနတာမျှပင် အတွေးပါးပါးနဲ့ တွေဝေသွားမိတယ်။အကယ်၍ သူကသာ ''ကိုယ် မက်မောနေမိတာက မင်းလေးပါ”ဆိုပြီး ဖွင့်ဟလိုက်မိရင်ရော။သူသည်ကား ကောင်လေးရဲ့ မတွေဝေစတမ်း တာဝန်ယူပေးမှုကို ပိုင်ဆိုင်ခွင့်ရလောက်တဲ့အထိ ကံကောင်းတဲ့ လူသားတစ်ယောက် ဖြစ်နိုင်ပါမတဲ့လား။အနည်းငယ်ပင် ပြုံးရေးလိုက်မိပါတယ်။သူ သိပ်ကို မျှော်လင့်လွန်းနေတာဘဲဆိုပြီး တွေးမိလိုက်တာမို့ပေါ့။

မျက်နှာပေါ်က အသားကျပြီးသား အပြုံးနဲ့ဘဲ တုန့်ပြန်ပေးလိုက်တယ်။

''မင်းတို့မြေးအဘွားနဲ့ လမ်းခွဲခဲ့ပြီး နောက်တစ်ရက်မှာဘဲ Aတက္ကသိုလ်မှာ မင်းကို နှုတ်ဆက်ချင်တာနဲ့ ကျောင်း Web siteထဲမှာ မင်းနာမည်ကို ရိုက်ထည့်ပြီး မင်းက ဘယ်အတန်းမှာလဲ၊ မင်းရဲ့စာသင်ချိန်တွေက ဘယ်လိုလဲဆိုတာကိုလည်း စုံစမ်းဖြစ်ခဲ့သေးတယ်...''

မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ်/မင်းရဲ့အံ့ဖွယ်လေး ဖြစ်ချင်မိတယ် (Complete)Where stories live. Discover now