Build Pov
"စိတ်မလှုပ်ရှားနဲ့ buiလုပ်နိုင်မယ်ဆိုတာ Pယုံတယ် "
တကယ်တော့ အရင်ကထက် ပိုစိတ်လှုပ်ရှားမိတယ် ၊ဒီတခါအဆင်မပြေရင်တော့ company အတွက်ကကြီးမားတဲ့ဆုံးရှုံးမှုဖြစ်နိုင်တယ်လေ၊"တွေ့ရတာဝမ်းသားပါတယ်ခင်ဗျ၊ Build Jakapan putta ပါ Mr, Sumettikul "
"တွေရတာဝမ်းသာပါတယ် ၊ Mr Putta "
"ဟုတ်ကဲ့၊ Buildလို့ခေါ်လို့ရပါတယ် Mr, Sumettikul "
"ဟုတ်ပါပြီ ၊အန်ကယ်လို့ခေါ်လဲရပါတယ် "
"ဟုတ်ကဲ့ခင်ဗျာ၊ ကျွန်တော်တို့ အစည်းအဝေးစလိုက်ရမလားခင်ဗျ"
.
.
.
."Build က အန်ကယ်ကြားထားတာထပ် အရည်အချင်းရှိသားဘဲ၊ အသက်ငယ်ငယ်နဲ့ ဒီလောက်ဦးဆောင်နိုင်တာ သိပ်တော်တာဘဲ "
"မဟုတ်ပါဘူးခင်ဗျ၊ buiကအန်ကယ်လိုမျိုးဖြစ်ဖို့တော့ အများကြီးလိုပါသေးတယ် "
"ဟားဟား သားကိုတော့ အန်ကယ်သဘောကျသွားပြီ မင်းတို့လိုလူငယ်တွေ စီးပွားရေးစိတ်ဝင်စားတာတော်တော်ရှားတယ်၊ သားကလဲ သားအဖေလိုဘဲ အရည်အချင်းရှိလားဆိုတာသိချင်လို့ အန်ကယ်ကိုယ်တိုင်လာခဲ့တာ၊သားအဖေအကြောင်းတော့ကြားရတာတော့စိတ်မကောင်းပါဘူး"
"ဟုတ်ကဲ့ရပါတယ်ဗျ၊ပြီးတော့ ခုလို အန်ကယ်ကိုယ်တိုင်လာလို့ buiကအံ့ဩပြီး ကြောက်ပါကြောက်တယ် "
"ဟားဟား သားလိုတော်တဲ့သူတောင်ကြောက်တယ်လား၊ အန်ကယ်ကအဲ့လောက်ကြောက်စရာကောင်းနေတာလား "
"အဲ့လိုမဟုတ်ပါဘူး ၊အန်ကယ်ရဲ့အရှိန်ဝါကအရမ်းကြီးတော့လေ ဟီးးး "
စကားအဆက်အစပ်သိပ်မိနေတဲ့သူတို့နှစ်ယောက်တော့ နေလည်စာစားရင်းနဲ့ပါ စကားဖောင်ဖွဲ့မိနေကြတယ်။ Ptong ကတော့ စီးပွားရေးနဲ့ပတ်သတ်ရင် bui က ဝါရင်တဲ့စီးပွားရေးသမားတယောက်နဲ့တောင် အခုလိုcommunication လုပ်နိုင်တာကိုကြည့်ပြီး ဂုဏ်ယူနေမိတယ်။
Bible Pov
ကျောင်းပိတ်ရက်မို့ အခန်းထဲအောင်းကာ ဂီတာတီးလိုက်၊ DIYတွေလုပ်လိုက်ဘဲ အချိန်ကုန်မိတယ်၊ လွတ်လပ်တဲ့ ကျောင်းသားဘဝရဲ့နောက်ဆုံးနှစ်ဆိုတော့ ဒီနှစ်တော့ အပြည့်အဝပျော်ထားရမယ်၊ နောက်ဆို ဒီလိုပျော်ဖို့ကမသေချာဘူး
![](https://img.wattpad.com/cover/330629889-288-k174019.jpg)
YOU ARE READING
Hope
Fanficအစွန်းတဖက်ဆီမှာ ရှိနေတဲ့ မင်း နဲ့ ငါ ကို ဘယ်အရာကဟန်ချက်ညီစေမှာလဲ ? ဒါကတော့ Biblebuild ရဲ့ fic နောက်တပုဒ်ပါ၊ plotကိုတော့ ဖတ်ရင်းနဲ့မှ သိစေချင်လို့ ဒီမှာဘာမှမရေးထားပါဘူးနော်။ ဒီplotလေးက ကိုအရေးချင်ဆုံးplotလေးမို့ ရေးကြည့်လိုက်တာပါ