Ep-5

277 30 4
                                    

Third person Pov

"အထဲကိုကြွပါ Khun bible"

Buiလေးလက်ထပ်ရမယ့် သူပါလား၊ ရုပ်ရည်ကတော့ပြောစရာမရှိပါဘူး၊ ဒါမယ့် buiလေးအပေါ်ကောင်းပါ့မလား၊ စီးပွားရေးကြောင့်လက်ခံရပင်မယ့် ငါသေချာတော့သူ့ကိုလေ့လာဖို့လိုတယ်၊ ဒါမှ
မကောင်းတဲ့သူဆို ငါ့ဘက်ကအမြန်တားလို့ရမှာ။

"ဟုတ်ကဲ့ ဒါနဲ့ ဘယ်သူ "

"အော်ဒီဘက်က ဒါရိုက်တာ P Tong ပါ "
Ppingကပြောလိုက်တော့

"ကျွန်တော်ကဘဲ Khun Bible ကို ဒီနေ့လိုက်ပြပေးမှာပါ "

"Bible လို့ဘဲခေါ်ပါ ကျွန်တော်လဲ Ptong လို့ခေါ်လို့ရမလား "

စကားပြောလဲဖော်ရွှေသားဘဲ။

"အဲ့ဆို P ကုမ္ပဏီကိုဘဲပြန်လိုက်တော့မယ် Khun Bible"

"ဟုတ်ကဲ့ P ping "
နှစ်ယောက်သား တခန်းဝင်တခန်းထွက် ဝင်လေ့လာကြတယ်၊Ptongကလဲ စိတ်ရှည်ရှည်နဲ့မိတ်ဆက်ပေးရှာတယ်၊ အစည်းအဝေးခန်းတခုရှေ့ရောက်တော့

"အော် ဒါက နောက် project အတွက် ဆွေးနွေးနေကြတာပါ၊ ဒီအဖွဲ့ကိုတော့ buiကဦးဆောငျထားတာပါ "

အခန်းက မှန်တွေနဲ့ဘဲ လုပ်ထားတာမို့ အထဲကိုမြင်နေရတယ်၊ အထဲကတော့ အပြင်ကိုမြင်ရမယ်လို့မထင်ဘူး၊ ဘာလို့ဆို ငါတို့နှစ်ယောက်လုံးရပ်ကြည့်နေတာတောင် တယောက်မှမမြင်ကြဘဲ လုပ်စရာရှိတာဆက်လုပ်နေကြလို့လေ။

သူရဲ့အလုပ်လုပ်နေတဲ့ပုံက ဒီလိုမျိုးလား၊ ရုပ်လေးနဲ့မလိုက် တည်ကြည်နေတဲ့သူက ကလေးတယောက်ကလူကြီးတယောက်အလုပ်ကို ဝင်လုပ်နေသလိုမျိုး ၊ငါ့အတွက် တမျိုးလေးထူးဆန်းနေတယ်။

"Khun Build ကဘယ်လိုလူမျိုးလဲဗျ "
ငါptongကိုမေးလိုက်တော့ သူကလန့်သွားသလို

"ဘာလို့မေးတာလဲ Khun Bible"

"အော် မဟုတ်ပါဘူး ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို နေရာကိုရထားလို့လေ "

"အော် အဲ့တာကတော့ buiကအရမ်းကြိုးစားတဲ့သူမို့ ၊ ဒီနေရာကိုရတာမထူးဆန်းပါဘူး "
Ptong ရဲ့အပြောက ဂုဏ်ယူမှုအပြည့်နဲ့

"အော် P ဒီမှာဘာရပ်လုပ်နေတာလဲ "
အခန်းထဲက ထွက်လာတဲ့buiက ငါ့ကိုမမြင်သေးဘဲ

HopeWhere stories live. Discover now