Third person Pov
ဟိုနေ့ညက buiနဲ့လက်ထက်ရမယ်ဆိုတာကြားပြီး
သူနဲ့မတွေ့အောင်အတတ်နိုင်ဆုံးကြိုးစားတယ်။
လုံးဝလက်မထပ်နိုင်ဘူး ငါချစ်တဲ့သူကလွဲပြီး"Khun Bible, Khun build လာပါတယ်ခင်ဗျ "
ငါ့အတွင်းရေးမှူးရဲ့စကားသံကြောင့် စိတ်ပျက်မိတယ်၊ သူနဲ့ကလဲအလုပ်ကိစ္စနဲ့ပတ်သတ်စရာရှိသေးလို့ မတွေ့လို့ကလဲမရဘူး၊ ဒါမယ့် လက်ထပ်ဖို့ကိစ္စကိုစကားပြောကြည့်ရမယ် သူဘက်ကနေစငြင်းပေးဖို့ကို ဒယ်ဒီကျန်းမာရေးကြောင့်ငါ့ဘက်ကငြင်းလို့မရဘူးလေ။
"ဝင်လာခဲ့ပါ "
"Khun Bible, ဒီတခေါက်ကုန်ပစ္စည်းအတွက်၊ ကြော်ညာဒီဇိုင်းနမူနာကိုလာပြပေးတာပါ "
"အော် ဟုတ်ကဲ့ "
ငါ့အတွေးလွန်နေတာနဲ့ အလုပ်ကိစ္စတောင်မေ့နေတယ်၊ သူကတော့ငါနဲ့လက်ထပ်ဖို့ကိစ္စကိုဘယ်လိုမှမနေသလိုဘဲ"သွေးအေးလိုက်တာ "
"ဗျာ "
"အော် ဒီဇိုင်းကအဆင်ပြေပါတယ်ပြောတာ"
တော်သေး မကြားသွားလို့၊ သူနဲ့တွေ့တိုင်း ဘာလို့အနေခက်နေရတာလဲမသိဘူး။"အဲ့ဆို ဒီအတိုင်းဘဲကြော်ညာရိုက်ဖို့လုပ်လိုက်တော့မယ်နော်၊ထပ်ပြင်ချင်တာရှိရင်တော့ ၂ရက်အတွင်းေတာ့ပြန်ပြောေပးပါေနာ်"
"ရပါတယ်။ဒီတိုင်းဘဲလုပ်လိုက်ပါ "
"Khun Bible, စကားခနလောက်ပြောလို့ရမလား "
Bible နဲ့ရင်းနှီးအောင်ဘယ်လိုလုပ်ရပါ့မလဲ၊ ငါကအလုပ်မှာဘဲတော်တာ၊ ဒါမျိုးဆို ဘယ်ကစရမှန်းမသိဘူး၊ သူပုံကလဲအေးတိအေးစက်နဲ့ဆိုတော့ ကြောက်စရာကြီး။
"အလုပ်အကြောင်းလား "
"ဟိုလေ လက်ထပ်မယ့်ကိစ္စပြောချင်လို့ပါ "
"အတော်ဘဲ ကျွန်တော်လဲ khunနဲ့အဲ့ကြောင်းတိုင်ပင်ချင်နေတာ "
"ဟုတ်ကဲ့ ၊ Khun Bible အရင်ပြောပါ "
Buiဘက်ကဘာအရင်စပြောရမှန်းမသိေတာ့လို့၊ ဒပြီးေတာ့ လက်ထပ်မယ့်ကိစ္စကို bible ဘာပြောမလဲသိချင်ေသးတယ်၊ သူဘက်ကစိတ်ပြောင်းသွားတယ်ဆိုရင် buiလဲသိပ်ကြိုးစားစရာမလိုတော့ဘူးလေ။
YOU ARE READING
Hope
Fanfictionအစွန်းတဖက်ဆီမှာ ရှိနေတဲ့ မင်း နဲ့ ငါ ကို ဘယ်အရာကဟန်ချက်ညီစေမှာလဲ ? ဒါကတော့ Biblebuild ရဲ့ fic နောက်တပုဒ်ပါ၊ plotကိုတော့ ဖတ်ရင်းနဲ့မှ သိစေချင်လို့ ဒီမှာဘာမှမရေးထားပါဘူးနော်။ ဒီplotလေးက ကိုအရေးချင်ဆုံးplotလေးမို့ ရေးကြည့်လိုက်တာပါ