ep-28

316 33 3
                                    


Bible Pov

ဒီနေ့ Angel တို့သားအဖရေးတဲ့ ဇာတ်ညွှန်းအတိုင်း လိုက်လုပ်ရတယ်၊ ဘာတဲ့ buiရှေ့ Angel နဲ့အတွဲလိုဟန်ဆောင်ရမယ်အဲ့ဒါမှ buiစိတ်ညစ်ပြီး ကွာရှင်းပေးအောင်လုပ်ရမယ်ဆိုဘဲ..ရူးပါ့...ငါ့အစီအစဉ်မဖြစ်ခင်ထိတော့ သူတို့ပြောတာတဲ့အတိုင်းလုပ်ရဦးမှာဘဲ..

စိတ်ညစ်နေတဲ့ buiကို စိတ်ရှုပ်အောင်ထပ်မလုပ်ချင်ပင်မယ့် ဘေးကင်းဖို့ကအရေးကြီးတာမို့

"Bui ခနလောက်တော့ သည်းခံပေးဦးနော်၊ ကိုယ့်ကိုတော့ အရမ်းကြီးမမုန်းပါနဲ့လို့ မပြောချင်ပင်မယ့် မမု
န်းစေချင်တာတော့အမှန်ဘဲ "

ခုထိအောက်ထပ်ကို မဆင်းလာ‌ေသးတဲ့ buiကြောင့် ငါစိတ်ပူမိပင်မယ့် မိုးလင်းကတည်းက ဂြိုလ်ဆိုးက အိမ်ကိုရောက်လာတာမို့ ဘာမှမတတ်နိုင်ခဲ့...

"Bible..အဲ့တယောက်က ဒီတသက်ဆင်းလာဦးမှာလား၊ ဘယ်ချိန်ထိစောင့်နေရမှာလဲ.. Bible သွားခေါ်ပေး" ဆိုပြီး ပြောလာတော့

"မနေ့ညက မင်းဘာလုပ်ခဲ့လဲမသိဘူးလား၊ မင်းမွှေခဲ့လို့ အခု ငါ့ကို buiကစကားပြန်ပြောမယ်ထင်လား၊ ပါးထမရိုက်တာကိုကျေးဇူးတင်၊ မင်းပြောချင်တာမလား မင်းဘာသာသွားခေါ်၊ ငါကမင်းတို့ဇာတ်အတိုင်းလိုက်ကမယ်မထင်နဲ့  ဒိတိုင်းဘဲနေပေးမှာ ကိုယ့်ဇာတ်ကိုယ့်ဘာသာက..."

"ထားလိုက်တော့ စောင့်လက်စနဲ့စောင့်ရုံပေါ့ ဆင်းလာမှပညာပေးပြမယ် "

"ဟေ့ဟေ့ buiကိုမတရားမလုပ်နဲ့နော် ငါငြိမ်ခံနေမှာမဟုတ်ဘူး"

"Bible မှာ အဲ့လိုပြောခွင့်ရှိတယ်ထင်လား၊ လာမတားနဲ့ Angel လုပ်ချင်တာလုပ်မှာဘဲ "

"Okay, မင်းလုပ်ချင်တာမလုပ်ခင် ထောင်ထဲဝင်ချင်ရင်တော့သဘောဘဲ "

"ဘာလို့ထောင်ထဲဝင်ရမှာလဲ ဘာလုပ်ရသေးလို့လဲ "

"ကြိုပြောထားတာမလုပ်ဖို့ကို မင်းတို့ငါကိုခြိမ်းခြောက်လို့ရပင်မယ့် ရှယ်ယာတွေမရခင် buiကိုအသားနာအောင်ဘာမှလုပ်လို့မရဘူး မင်းလိုတာထက်ပိုလုပ်လို့ buiက ငါတို့ကိုတရားစွဲရင်ဘယ်လိုလုပ်မလဲ "

"သူ့ကဘာလို့တရားစွဲမှာလဲ Angel တို့မှဘာမှမလုပ်ရသေးတာ "

"မင်းတုံးလှချည်လား buiကငါနဲ့တရားဝင်ယူထားတာ မင်းကငါနဲ့ဖောက်ပြန်နေတာလို့ သူ့ကို‌သိစေချင်တာမလား သူကအဲ့ဒါကို လက်မခံနိုင်လို့ ငါတို့ကိုအိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ တရားစွဲရင်ဘယ်လိုလုပ်မလဲ ထောင်ထဲမဝင်ချင် အရှက်မကွဲချင်ရင် အေးဆေးနေ overတွေသိပ်မလုပ်နဲ့ ငါကိုလဲဘာလုပ်ပါညာလုပ်ပါနဲ့ လာမခိုင်းနဲ့ ငါလဲငါ့ကိုယ့်ငါ အာမ မခံနိုင်ဘူး ငါဆက်သည်းမခံနိုင်လို့ မင်းအဖေတောင်မသိဘဲ မင်းကို သတ်ပစ်လို့ရတယ်ဆိုတာသဘောပေါက် ရှယ်ယာတွေမြင်ချင်သေးရင် buiကိုမနှိပ်စက်နဲ့ "

HopeWhere stories live. Discover now