Build Pov
ဒဏ်ရာကလဲတော်တော်သက်သာနေပြီဆိုတော့ ကုမ္ပဏီသွားဖို့ဘဲဆုံးဖြတ်လိုက်တော့တယ်၊ အရင်လို ကိုယ့်ကိုအတင်းဖိအားပေး မနှိပ်စက်ချင်တော့ဘူး၊ မေမေကိုပြုစုပေးဖို့က ငါ့ကိုယ်တိုင်ကျန်းမာနေရမှဖြစ်မယ့်ဆိုတဲ့အတွေးကလဲ ခေါင်းထဲဝင်လာတာမို့ အရမ်းအရေးမကြီးတဲ့အရာတွေကိုတော့ တခြားသူကိုလွဲပေးသင့်ရင်လွဲပေးရမယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။
မနက်စာအတွက်ပြင်ဆင်ပေးပြီးနောက် ငါ့အလုပ်သွားဖို့ ပြင်ဆင်နေတာကိုbibleကမြင်တော့
"ဒါကဘယ်သွားမလို့လဲ "
"Company ကိုလေ "
"ခင်ဗျားကို နားဖို့ကျွန်တော်ပြောထားတယ်မလား "
သူ့ကိုဂရုမစိုက်ဘဲ Ppingကိုပေးဖို့လိုအပ်တဲ့ အရေးကြီးတဲ့ဖိုင်တွဲကိုဘဲ သေချာစီစစ်နေလိုက်တယ်။
"Bui jakapan,ငါမေးနေတယ်လေ "
အဲ့လေသံ ရယ် ပြီးေတာ့ အရင်က သူ့ကိုယ်ကို ငါလို့မသုံးဘူးသလို၊ ငါ့ကိစ္စတွေကိုလဲ ဝင်ပါဖို့မပြောနဲ့ အရေးလုပ်ပြီးေတာ့မေးဖူးတာမဟုတ်ဘဲနဲ့ ဘာလို့အခုမှလဲ...
"ဘာလို့အဲ့လောက်အော်နေတာလဲ၊ နီးနီးလေးရပ်နေတာကို "
တော်သေး အမေကို Ptongတို့အိမ်ကနေပြန်မခေါ်ရသေးလို့ မဟုတ်ရင် ငါတို့အိမ်ထောင်ရေးအဆင်မပြေဘူးလို့ဘဲထင်နေမှာ၊ ငါတို့နှစ်ယောက်ကြောင့်
အမေ့ရဲ့ကျန်းမာရေးပိုမဆိုးစေချင်ဘူး၊ ဒီလိုပုံစံနဲ့ဆိုPtong ဆီကနေတောင် ပြန်ခေါ်ဖို့ပြန်စဉ်းစားရမယ်။ငါအတွေးတွေနဲ့မျောနေတုန်း နောက်ကနေ ဆွဲလှည့်တာကို ခံလိုက်ရမှ သတိပြန်ဝင်လိုက်တယ်၊ buiပုခုံးကို သူ့လက်နှစ်ဖက်နဲ့အတင်းဆွဲလှည့်လိုက်တာများ ယောင်္ကျားလေးချင်းဆိုပင်မယ့် Bible သုံးလိုက်တဲ့အားကတော်တော်ပြင်းတာမို့ နဲနဲတော့နာသွားတာတယ်။
"အ.. Bible ဘာလို့အဲ့လောက်ကြမ်းတမ်းနေတာလဲ၊ စကားနဲ့ပြောလို့မရဘူးလား "
အသားနာသွားတာမို့ buiလဲသူ့ကိုပြန်အော်မိသလိုဖြစ်သွားတယ်။
"ပြန်အော်တယ်ပေါ့လေ၊ ဘယ်တုန်းကအဲ့လေသံနဲ့ပြောဖူးလဲ ဟမ် jakapan "

YOU ARE READING
Hope
Fanficအစွန်းတဖက်ဆီမှာ ရှိနေတဲ့ မင်း နဲ့ ငါ ကို ဘယ်အရာကဟန်ချက်ညီစေမှာလဲ ? ဒါကတော့ Biblebuild ရဲ့ fic နောက်တပုဒ်ပါ၊ plotကိုတော့ ဖတ်ရင်းနဲ့မှ သိစေချင်လို့ ဒီမှာဘာမှမရေးထားပါဘူးနော်။ ဒီplotလေးက ကိုအရေးချင်ဆုံးplotလေးမို့ ရေးကြည့်လိုက်တာပါ