Ep-8🥳🥳

354 38 3
                                    

Bible Pov

"သား Bui , honeymoon မသွားတော့ဘူးလား, bible က လိုက်မပို့ဘူးလို့ပြောလို့လား၊ အဲ့ကောင် သားကိုအနိုင်ကျင့်ရင်အန်ကယ်ကို ပြောနော် "

မနက်စာစားနေတုန်း ထုံးစံအတိုင်း ဒယ်ဒီရဲ့အပြစ်တင်စကားက အရင်ကြားရပြီ ဒါမယ့် ငါဘာမှဝင်မပြောဘူး ဟိုတယောက်ဘယ်လိုဖြေမလဲဆိုတာ သိချင်လို့ငြိမ်နေလိုက်တယ်။

"မဟုတ်ပါဘူး အန်ကယ်၊ productအသစ်ကလဲထုတ်ဖို့နီးနေပြီမို့ buiသေချာလေး စီစဉ်ချင်လို့ပါ၊ honeymoon ကနောက်မှသွားလဲအဆင်ပြေပါတယ်၊ bible လဲစာမေးပွဲနီးနေပြီဆိုတော့ စိုးရိမ်လို့ပါ "

"တွေ့လား ဒယ်ဒီက သားကိုဆိုဘယ်တော့မှအကောင်းမမြင်ဘူး "

ဘယ်ဆိုးလို့လဲ ဒီလိုကျလဲတော်သားဘဲ၊ ငါ့ကိုကာပြောပေးလို့ တမှတ်ပေးတယ် jakapan ရေ

"မင်းသာလိမ္မာစမ်းပါ၊ အရင်လိုတယောက်တည်းမဟုတ်တော့ဘူး၊ အခုနှစ်ယောက်ဖြစ်နေပြီ စာလဲကြိုးစား ကုမ္ပဏီကိုလဲပုံမှန်သွား "

"ဟုတ်ကဲ့ "

"Buiလေးကကော စာမေးပွဲမဖြေတော့ဘူးလား၊ နောက်ဆုံးနှစ်မလား ဖြေလိုက်တော့ ဘွဲ့လေးရတာပေါ့ ကလေးရယ်၊ ကုမ္ပဏီကို တယောက်ယောက်နဲ့ခနလေးလွှဲထားလို့မရဘူးလား "

"မဖြေတော့ပါဘူး အန်တီ၊ ကျောင်းနားထားတာလဲကြာပြီ၊ တက်တုန်းကလဲ ပျက်လိုက်တက်လိုက်နဲ့မို့ စာကသေချာမလုပ်ဖြစ်ဘူး၊ ခုနေဝင်ဖြေတောင် အောင်ဖို့မသေချာဘူး၊ပြီးတော့ product အသစ်ထွက်မယ့်နေ့ကလဲ စာမေးပွဲရက်နဲ့တိုက်နေလို့ မဖြေတော့ပါဘူး "

"အန်တီတွေပါတွေလုပ်မနေပါနဲ့၊ သူစိမ်းဆန်တယ်၊ မာမီလို့ခေါ်နော် ကလေး "

"ဟုတ်ကဲ့ မာမီ "

"မာမီသားက ဒီမှာနော် သားချင်းများမှားနေတာလားဗျာ "

ငါ့စကားကိုကြားတော့ အကုန်လုံးဝိုင်းဟားကြပါလေရော၊ စားပွဲ‌အောက်ကနေ buiပေါင်ကိုဆွဲဆိတ်လိုက်တော့ အပြုံးမပျက်ဘဲ ဆက်ပြုံးနေဆဲ ငါ့ကိုမခန့်တာလားဘာလား

Build pov

"Buiiii"

"ဘာလဲ jeffရာ၊ ဘာလို့ဒီမှာ လာငိုနေတာလဲ "
မနက်ကတည်းက ငါ့ရုံးခန်းထဲလာငိုနေတဲ့ jeffကို Ptong ကအမြင်ကပ်စွာ ပြောလိုက်တော့တယ်။

HopeWhere stories live. Discover now