Bible Pov
အိမ်မှာမနေချင်လို့ ဒီနေ့ကျောင်းကိုအစောကြီးထွက်လာခဲ့တယ်၊ ဒီနေ့ကျောင်းမှာ ပွဲရှိတယ်ထင်တယ် အစောကြီးတောင်လာကြည့်တဲ့သူတွေအများကြီးဘဲ။
"Bible စောလှချည်လား "
"ဟေး Jeff, လူတွေဘာလို့များတာလဲ "
"အော် ငါတို့majorမှာပန်းချီပြိုင်ပွဲရှိလို့လေ "
"မင်းတို့majorပွဲကလဲ စည်လှချည်လား "
"ဒီနှစ်ပြိုင်မယ့်သူတွေထဲ နာမည်ကြီးတွေပါလို့ လာကြည့်တဲ့သူများတာလေ "
"မင်းကော ပါလား "
"ငါတော့မပါဘူး ဒါမယ့် ငါအားပေးရမယ့်သူရှိလို့ လာတာ "
"မင်းစိတ်ဝင်စားနေတဲ့သူလား "
"မင်းကိုဘာလို့ပြောပြရမှာလဲ လာပါ ပွဲစတော့မယ်၊ မင်းလဲ အစောကြီးရောက်လက်စနဲ့ ငါနဲ့အတူလိုက်ကြည့်စမ်းပါ "
ဒီကောင်ငါ့ကိုဂုတ်ကနေ ဆွဲခေါ်သွားလို့ ငြင်းတောင်မငြင်းရသေးဘူး သူခေါ်ရနောက်သာပါသွားတော့တယျ၊
*****
"မင်းအားပေးမယ့်သူကဘယ်သူလဲ "
ပြိုင်ပွဲဝင်တွေကို ကြည့်ကာမေးလိုက်တော့ ငါ့မျက်လုံးထဲတိုးဝင်လာတာက မိုးပြာရောင်အကျီလေးနဲ့ အာရုံစိုက်ကာဆွဲနေတဲ့သူဆီရောက်ရှိသွားတယ်၊"ဟိုနေ့က ငါနဲ့တိုက်မိတဲ့တယောက်ဘဲ သူကအနုပညာmajorကပေါ့လေ "
"အမ် မင်းဘာပြောလိုက်တာ "
Jeffကဝင်မေးတော့"ဘာမှမဟုတ်ဘူး မင်းအားပေးမယ့်တယောက်က ဘယ်သူလဲ "
"ဟိုမှာလေ မိုးပြာရောင်အကျီနဲ့ ပါးချိုင့်လေးနဲ့တယောက် "
Jeffက ဟိုဂွစာကို ကြိုက်နေတာလား၊ ဘာကြည့်ပြီးကြိုက်လဲ ဒီလောက်ကပ်ကပ်လန်နေတာကို"မင်းတော့ မျက်လုံးမပါဘူးထင်တယ် "
"ဘာလို့လဲ "
"အဲ့တယောက်ကဘယ်နားကြိုက်စရာကောင်းလို့လဲ "
"ဒီလောက်ချစ်စရာကောင်းတာ၊ မင်းကမှကန်းနေတာလား "
ငါကမိန်းကလေးတွေဘဲကြိုက်တယ်ဆိုပင်မယ့် တချို့ချစ်စရာကောင်းတဲ့ယောကျာ်းလေးတွေကိုမြင်ဖူးပါတယ်၊ ဒီတယောက်တော့ဘယ်လိုမှချစ်စရာကောင်းတယ်လို့မထင်ဘူး ချောပင်မယ့် ငါ့မျက်လုံးထဲဘယ်လိုမှမတိုးဘူးလို့ပြောရင် ပိုမှန်မယ်။

YOU ARE READING
Hope
Fanficအစွန်းတဖက်ဆီမှာ ရှိနေတဲ့ မင်း နဲ့ ငါ ကို ဘယ်အရာကဟန်ချက်ညီစေမှာလဲ ? ဒါကတော့ Biblebuild ရဲ့ fic နောက်တပုဒ်ပါ၊ plotကိုတော့ ဖတ်ရင်းနဲ့မှ သိစေချင်လို့ ဒီမှာဘာမှမရေးထားပါဘူးနော်။ ဒီplotလေးက ကိုအရေးချင်ဆုံးplotလေးမို့ ရေးကြည့်လိုက်တာပါ