ep-23

342 37 3
                                    

Bible Pov

"Bui ! "

Ptong အိမ်ရောက်နေတယ်ဆိုတာ ငါသိတယ် မနေ့ညကလဲတညလုံးပြန်မလာတာမို့ မနက်မိုးလင်းကတည်းက အဲ့အိမ်ရှေ့မှာထိုင်စောင့်နေတာ။ခြံရှေ့ကအော်ခေါ်လဲ တယောက်မှထွက်မကြည့်ကြဘူး၊

မနိုးသေးဘူးလား မသိဘူး၊buiအလုပ်သွားတဲ့အချိန်နဲ့လွဲသွားမှာဆိုးလို့ မနက်အစောကြီးကတည်းကလာစောင့်နေတာ။

"မင်းကဒီမှာဘာလုပ်နေတာလဲ "

jeffထွက်လာတာမို့ စကားမပြောချင်စိတ်မရှိပင်မယ့် ရုတ်တရတ်မေးလိုက်မိတယ်။

"ဟ ဒါကငါ့အိမ်လေ၊ ငါကမေးရမှာမဟုတ်ဘူးလား၊ မင်းကသာသူများခြံရှေ့ဘာလာလုပ်နေတာလဲ "

ဟုတ်သားဘဲ Ptong နဲ့သူနဲ့ကညီအကိုဆိုတာမေ့သွားတယ်၊ buiကလွဲ တလောကလုံးကိုမေ့နေတာမို့ ခုချိန်ဘာလာမေးမေး မသိဘူးဘဲဖြေနေမိမှာ

"Buiကိုလာတွေ့တာ၊ buiကိုခေါ်ပေးဦး "

"အမယ်လေသံကမာနေတုန်းဘဲ၊ မင်းကမှန်တာဘာလုပ်ထားလို့ ငါကတွေ့ခွင့်ပေးရမှာလဲ "

ဒီကောင်ကွာ၊buiမျက်နှာကြောင့်မဟုတ်ရင် စိတ်ရှိတိုင်းလုပ်ပစ်လိုက်တော့မယ်။

"ဟူးးး အိုကေ buiနဲ့ခနလောက်စကားပြောလို့ရအောင်စီစဉ်ပေးပါနော် ချစ်သူငယ်ချင်းလေး ရပြီလားအဲ့လိုဆို "

"အဲ့လောက်ကြီးကျ overဖြစ်သွားသလို မရွဲ့နဲ့ပုံမှန်ဘဲပြော "

အဟက် ငါကိုသက်သက်လုပ်နေတာဆိုတာသိတယ်၊ သည်းခံWichapas သည်းခံ၊ buiမျက်နှာကြောင့်နော်ဟင်းးး

"5min ဘဲစကားပြောချင်တာ၊ buiကို ငါ့ဆီခေါ်ခဲ့ပေးပါနော် "

"Sorry ဘဲ သူကမတွေ့ချင်ဘူးတဲ့ "

"အဲ့တာများ ငါ့ကိုဘာလို့လျှောက်လုပ်ခိုင်းနေလဲ "

"မင်းအပြစ်ဘဲလေ၊ မင်းကြောင့် buiမျက်ရည်ကျတဲ့အတွက် ဒီလောက်ကတော့လုပ်သင့်တယ်လို့ထင်တယ် ပြီးတော့ အခုလိုမင်းကိုဆက်ဆံတာ ငါမလွန်ဘူးလို့ထင်တယ် "

Buiငိုတယ်တဲ့လား၊ ရင်တွေတစစီကွဲကြေသွားသလိုဘဲ ငါကြောင့် ငါကိုယ်တိုင် သူကိုငိုအောင်လုပ်မိတာ

HopeWhere stories live. Discover now