Bible pov
စိတ်ညစ်လို့ အရက်သောက်ပြီးဖြေပျောက်ဖို့ စဉ်းစားမိပင်မယ့် ပြဿနာကိုအရက်ကမဖြေရှင်းနိုင်သလို အရက်သောက်ပြီးနောက် ဖြစ်ပေါ်လာမယ့်အရာတွေကိုလဲ တွေးကြောက်နေတာမို့ မသောက်တော့ဘဲ အိမ်ကိုသာပြန်ခဲ့တော့တယ်။
လမ်းမထက်မှာ ကားကို ရပ်လိုက်ပြီး ဝိုင်းစက်နေတဲ့လမင်းကိုကြည့်ကာ တွေးဝေမိနေတယ်။
အိမ်ကိုမပြန်ရဲလို့ လမ်းပေါ်မှာထိုင်နေတာလားဆိုရင် ဟုတ်ပါတယ် တခဏတော့ ငါ့ဟာသူရဲဘောကြောင်တဲ့လူဖြစ်ခဲ့တယ်, ထပ်တိုက်ဖြေရှင်းချင်ပင်မယ့် ရှုပ်ထွေးနေတဲ့ကြိုးထုံးလိုဘဲ ဘယ်ကစဖြည်ရမလဲဆိုတဲ့ ကြိုးစကိုရှာမတွေ့သလိုမျိုးဘဲ...
အခုလဲအဲ့လိုဘဲ ငါ့အမှားတခုမှမရှိဘူးလို့ ဘူးခံမငြင်းလိုပါဘူး ဒါမယ့် ဒီအမှားတွေက ငါ့ကိုယ်တိုင်လိုလားတဲ့အမှားတွေမဟုတ်သလို ငါတေယာက်တည်းလုပ်ယူထားတဲ့အမှားတွေလဲဟုတ်မနေဘူး
ဘယ်ကစဖြေရှင်းရမလဲ ဆိုတဲ့ကြိုးစလဲမတွေ့သလို ဘယ်ကနေဘယ်လို ဒီလောက်ထိဖြစ်သွားလဲဆိုတာငါကိုယ်တိုင်အံ့ဩမိနေတုန်းဘဲဆိုတော့Buiကော အခုဘယ်လိုနေမလဲ ဝမ်းနည်းမှာတော့အသေချာဘဲ၊ ငါ့ကိုကော စိတ်နာသွားပြီလား၊ စိတ်နာသွားလဲ မင်းကို ကိုယ်အပြစ်မမြင်ပါဘူး အဲ့ဒါနဲ့ဘဲ ကိုယ်ကထိုက်ထန်တယ်ဆိုတာ လက်ခံပြီးသားပါ။
ဒါမယ့် ကိုယ်တောင် မင်းမရှိလို့အထီးကျန်နေတာဆိုတော့ မင်းကော အိမ်မှာတယောက်တည်းငိုနေမလား မိသားစုဆီမှာသွားပြီး အဆင်ပြေသလိုဟန်ဆောင်နေမလား၊ ဒါမဟုတ် ဟိုဘိုးတော်များတခုခုကြံစည်နေမလား...
"Hello mae နေကောင်းရဲ့လား " ပြိုလဲနေတဲ့စိတ်ကို တင်းခံကာ အဆင်ပြေတဲ့လေသံနဲ့ ဖုန်းပြောလိုက်တော့တယ်။
Maeဆီမိုးချုပ်ကြီးဖုန်းဆက်ကြည့်လိုက်တော့ အတော်အံ့ဩနေတဲ့ပုံအရ buiအဲ့အိမ်မှာမရှိဘူးဆိုတာသိလိုက်ပြီ...ဒါဆို အိမ်မှာတယောက်တည်းပေါ့.....
အိမ်မှာတယောက်တည်းကြေကွဲနေမယ့်သူ့ပုံရိပ်ကိုတွေ့မိတိုင်း အသားတွေတဆစ်ဆစ်နာကျင်လာသလို၊ ရင်ဘတ်ကြိးတခုလုံးစုပ်ပြတ်သတ်သွားသလိုခံစားရတယ် ဒါမယ့် ငါပြိုလဲနေလို့မဖြစ်ဘူး သူကိုကာကွယ်ပေးဖို့ ငါကိုယ်တိုင်သန်မာရဦးမယ်ဆိုတဲ့အတွေးကကြိးစီုးနေတာမို့ လွယ်လွယ်နဲ့ ယိုင်လဲမသွားခဲ့ဘူး...

YOU ARE READING
Hope
Fanfictionအစွန်းတဖက်ဆီမှာ ရှိနေတဲ့ မင်း နဲ့ ငါ ကို ဘယ်အရာကဟန်ချက်ညီစေမှာလဲ ? ဒါကတော့ Biblebuild ရဲ့ fic နောက်တပုဒ်ပါ၊ plotကိုတော့ ဖတ်ရင်းနဲ့မှ သိစေချင်လို့ ဒီမှာဘာမှမရေးထားပါဘူးနော်။ ဒီplotလေးက ကိုအရေးချင်ဆုံးplotလေးမို့ ရေးကြည့်လိုက်တာပါ